အပိုင်း - ၆၅ ( သင်္ဘောကြီး နစ်တော့မည် )

7.5K 1.1K 133
                                    

အပိုင်း - ၆၅ ( သင်္ဘောကြီး နစ်တော့မည် )

ကျောက်ရှန်းကောဘက်မှ ဖုန်းဆက်မလာပါ။

ဧည့်ခန်းမကြီးထဲက ဂီတသံစဥ်မှာ ကျယ်လောင်လှကာ လူသံသူသံများဖြင့်လည်း ဆူညံနေ၏။

ဤသည်မှာ ချန်ဘင်ရှင့်၏ (၆၉)နှစ်မြောက် မွေးနေ့ပွဲဖြစ်ကာ အသက်ခုနစ်ဆယ်ထဲ မဝင်ခင် ကျင်းပသော နောက်ဆုံးမွေးနေ့ပွဲဖြစ်၏။ မြို့ထဲရှိ ထင်ပေါ်ကျော်ကြားသူတစ်ဝက်လောက်ကလည်း ဤပွဲသို့ တက်ရောက်ချီးမြှင့်ကြလိမ့်မည်။

ဤသည်မှာ ချန်အိမ်၏ တရားဝင် ပွဲလမ်းသဘင်ထဲ ချန်ဝမ် ကိုယ်ထင်ပြခွင့်ရသည့် ပထမဆုံးအကြိမ်လည်း ဖြစ်၏။ ထိုသူက ရိုးရှင်းလှသော အနောက်တိုင်းဝတ်စုံအဖြူ‌ေရာင်ကို ဝတ်ဆင်ထားကာ ဆံပင်ကလည်း အနည်းငယ်ရှည်လျားနေသည်။ ထို့ကြောင့် ချောမောနူးညံ့လှသည့်အသွင်မျိုး ရနေ၏။

ဟိုင်မြို့ထဲရှိ လူငယ်များကမူ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ခန့်က စုန့်ချင်းမြောင့်ပါဝင်သော အချစ်ရေးလျို့ဝှက်သတင်းကို ရေးတေးတေးသာ သိဖူးကြကာ ခရေစေ့တွင်းကျထိ မသိရ။ ထို့ကြောင့် ဘယ်ကပေါ်လာမှမ်း မသိသော ချန်ဝမ်မှာ သူတို့အတွက် ထူးခြားလှကာ စိတ်ဝင်တစားရှိစွာ သူနှင့် စကားလာပြောကြသည်။ ချန်ဝမ်လည်း ရေလိုက်ငါးလိုက် ပြန်ပြောဖြစ်ခဲ့ကာ တောက်ပသားနားသော မိန်းပျိုနှင့် လူကြီးလူကောင်းများကြား စုန်ဆန်ပြေးလွှားနေရလို့။ သို့သော် မြင့်မားသော ဖန်ခွက်မျှော်စင်နားအရောက်တွင် လျောင့်ချွမ်က သူ့အား လာတားထားပေ၏။

"ချန်ဝမ်၊ မင်း ငါ့ကို လှည့်စားတယ်"

လတစ်ဝက်‌ပင် မရှိသေးသည်ကို လျောင့်ချွမ်၏ မျက်နှာထက် သိသာထင်ရှားသော နွမ်းနယ်မှုများ ပေါ်လွင်နေကာ အိုစာရွတ်တွပြီး အကျည်းတန်လှသည်။

သူ့ကို ချန်ဝမ် မမှုပါ။ အခြားလူတစ်‌ေယာက်ထံ ဝိုင်ခွက်မြှောက်ပြလိုက်ကာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ကြည့်ရုံသာ ကြည့်လာ၏။

လျောင့်ချွမ်၏ မျက်ဝန်းများ ကြမ်းတမ်းခက်ထန်နေလျက်။ ထိုသူက အံကြိတ်လိုက်ကာ ဆို၏။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]Where stories live. Discover now