ဒီနေ့ Pond ကျောင်းမသွားချင်ပါ Uni Welcome နေ့ဆိုတော့ လူတွေကရှုပ်ကရှုပ်နဲ့ မျက်စိနောက်ဖို့သိပ်ကောင်းသည်။ သိုပေမဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ Dunk က အတင်းလာဖို့ခေါ်တာနဲ့ Pond လာရခြင်းဖြစ်သည်။ Pond Naravit ဆိုတဲ့ကျွန်တော်က လူများတာမျိုး စိတ်ရှုပ်ရာကောင်းတာမျိုး တွေဆို ဝေးဝေးကရှောင်ပါသည်။ ဘာအကြောင်းပြချက်မှ မရှိပေမဲ့ လူရှုပ်တာ စိတ်ရှုပ်တာမျိုးဆို စိတ်ထဲအတော်လေး နေရခက်သောကြောင့်ပင် ဖြစ်သည်။
ကျောင်းထဲရောက်သောအခါ-
"Ai Dunk မင်း ဘယ်မှာလဲ"
"အေး Pond ငါကန်တင်းမှာ မင်းလာခဲ့လိုက်လေ"
"အိုကေ"
ကန်တင်းရောက်တော့ လူရှာနေရင်းနဲ့မှ-
"Pond ! ငါဒီမှာ "
လက်လှမ်းပြတဲ့ Dunk ကြောင့်ကြည့်လိုက်တော့ တခြားကောင်လေး နှစ်ယောက်ပါရှိနေသေးသည်။ သူတို့ဝိုင်းကို သွားလိုက်တော့ ကောင်လေးတစ်ယောက်က သူ့ကို မျက်လုံးဝိုင်းဝိုင်း လေးတွေနဲ့ မျက်တောင်မခတ်တမ်းကြည့်နေလေသည်။ဘာလားဟ!ငါနဲ့သိလို့လား ဆိုတဲ့အတွေးတောင် ဝင်မိသွားသည်။
"Pond ဘာစားမှာလဲ မနက်စာ စားလာလား"
"မစားလာဘူး ထမင်းကြော်ဘဲမှာလိုက်မယ် ခနစောင့်အုန်း"
"အေး အေး ပီးရင် ငါ့ညီလေးတွေနဲ့မိတ်ဆတ်ပေးမယ်"
Pond တစ်ယောက် ထမင်းသွားယူနေတုန်းမှာပဲ Phuwin ဆီမှစကားသံထွက်လာလေ
သည်။"P'Dunk အဲ့တာ P' သူငယ်ချင်းလား"
"အင်း ဟုတ်တယ်လေ ဘာလို့လဲ Phuwin သိလို့လား"
P'Dunk မေးခွန်းကို ဘယ်လိုဖြေရပါ့မလဲ သိတာတော့ မဟုတ်ပေမဲ့ သူ့ရဲ့ Fall in love at first sight ကြီးနဲ့ အခုလို ပြန်တွေ့ရတာ နည်းတဲ့ကုသိုလ်ကံကြီးလား ဘုရားရေ နောက်ဆိုကုသိုလ်ကောင်းမှုတွေများများလုပ်ရမယ် ဒါမှ အစ်ကိုနဲ့ ချစ်သူတွေမြန်မြန်ဖြစ်မှာ ဟီးဟီး
Phuwin အတွေးထဲမှာ ဆုတွေတောင်းပီး ရီမိတာ အပြင်မှာပါ အသံထွက်သွားလား မသိ
"Phuwin P'Dunkမေးနေတယ်လေ သိတာလားတဲ့ ဟေ့ကောင်!!"
Joong ရိုက်လိုက်မှ သတိဝင်လာမိသည်။
YOU ARE READING
✨ Hello My Doctor ✨
Fanfictionဆေးကျောင်းသား ကိုကို ကို မြင်မြင်ချင်း ချစ်မိသွားတဲ့အထက်တန်းကျောင်းသားလေး 😍