Dunk ဒီနေ့ ကျောင်းက Fresher welcome ကို ဘေးအိမ်က Joong ကို ခေါ်သွားဖို့ စိတ်ကူးထားသည်။ Joong ကလဲ အထက်တန်း ကျောင်းသားဆိုတော့ မကြာခင် ဒီလိုပွဲမျိုး ကြုံရမှာပဲလေ ။အဲ့တာကြောင့်အတွေ့အကြုံရအောင် ခေါ်သွားပေးခြင်းပင်။ Dunk တို့လို တတိယနှစ်ကျောင်းသားတေဆိုတာကတော့ စီနီယာတန်းကိုရောက်နေပီဖစ်တဲ့အတွက် အရင်ကထက် ကလေးတေကို ပိုဂရုစိုက်ပေးဖစ်တာလောက်ပါပဲ။အဓိက က ပထမနှစ် ကလေးတေရဲ့ပွဲပဲမလား။"ဆာဝါဒီခ အန်တီ 🙏 Joong ရှိတယ်မလားဟင်"
"ပီးပီ P'Dunkကျွန်တော်တို့အားလုံးပီးပီ"
မေးလို့မှ မဆုံးသေး အိမ်ပေါ်ထပ်က အသဲအသန် ဆင်းပြေးလာတဲ့ ကောင်လေး သူ့ဘေးကသူငယ်ချင်းလားမသိ လက်လဲအတင်းဆွဲခေါ်လာသေးတယ်။
"Joong!! သားကို လှေကားဖြေးဖြေး ဆင်းလို့ ဘယ်နှခါပြောရမလဲ နင်ငါ့အိမ်ကို ပြိုအောင်လုပ်နေတာလားဟမ်"
"အာ Mae ကလဲ သားက P'Dunk စောင့်နေရမှာစိုးလို့အမြန်ဆင်းလာလိုက်တာပါ Mae အိမ်က ခိုင်ပါတယ် မပြိုပါဘူး ဟီးဟီး"
"ဟင်းးးငါမပြောချင်ဘူးနော် သား Dunk ကို အရမ်းမနှောင့်ယှက်ပါနဲ့ဆိုတာကိုလဲ ပြောမရဘူး ဟိုက ဆေးကျောင်း တတိယနှစ်ဟဲ့ နင်တို့လို အထက်တန်းကလေးတေမဟုတ်ဘူး သူတို့မှာ စာတေကို ပုံနေတာပဲ"
"အာ Maeနော် ဒါတော့ သားလဲ Ai Joong ဘက်ကပဲ နော် သားတို့အထက်တန်းလဲ စာတေများပါတယ် Mae ရယ် ဦးနှောက်တေကို ခြောက်နေတာပဲ တကယ်"
"ဟုတ်ပါပီ သားPhuwinလေးရယ် Mae က သားသူငယ်ချင်းကို သူများကိုမနှောင့်ယှက်စေချင်လို့ပါ"
သူမသားက ဘယ်အချိုး ချိုး နေတာလဲ ဆိုတာ အမေဖြစ်တဲ့ သူမကသိတာပေါ့ လူကသာ စာလဲသေချာမလုပ် ပေါ့တီးပေါ့ပျက်နဲ့ စိတ်ဝင်စားနေတဲ့လူကျတော့ ဆရာဝန်လောင်း တဲ့ မတော်တဆသူတို့သာ အဆင်ပြေသွားရင် နှမြောစရာ သူများသားလေး သား Dunk က တည်တည်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေး သမားလေး ကို သူမသား စပ်စလူး က ဒုက္ခပေးနေသလို ဖြစ်မှာကို စိုးရိမ်နေတာပါ
"အာ မဟုတ်တာ အန်တီရယ် ဒါက ကျွန်တော် ခေါ်လို့ပါ သူတို့လဲ စာတေနဲ့လုံးပမ်းနေတော့ နည်းနည်း လန်းဆန်းသွားအောင်ပါ။ဒါမျိုးပွဲဆိုတာ သူတို့လဲ ကျောင်းတတ်ရင်ကြုံရမှာပဲလေ သူတို့အတွေ့ကြုံရတာပေါ့ ကျွန်တော့်ကို အားမနာပါနဲ့ ရပါတယ်ဗျ။"
YOU ARE READING
✨ Hello My Doctor ✨
Fiksi Penggemarဆေးကျောင်းသား ကိုကို ကို မြင်မြင်ချင်း ချစ်မိသွားတဲ့အထက်တန်းကျောင်းသားလေး 😍