Uni
'သူ... သူဘယ်လိုလုပ်ဒီရောက်လာတာလဲ ....'
တဖတ်မှအဖြေမရသေးခင် ဂိုဒေါင်ထဲသေနတ်သံတို့ ဆူညံ့ပြန့်လွင့်လာသေသည်။
'အဖွဲ့မှုး သူ ဟိုလူအုပ်ထဲဝင်ပြီး ရန်ဖြစ်နေပြီ '
'မင်းတို့လဲ အမြန်ဝင်တော့ !!! အမြန် !!! '
မိုးကြိုးတွေကတော့အတောင့်လိုက်ကို ဆင့်ခနဲပစ်တာပါကောလား။ သူလဲ အမြန်ဂိုဒေါင်ဟောင်းထဲဝင်လို့ ဒုစရိုက်မှုကျူးလွန်သူတွေအား ဖမ်းဆီးရလေသည်။
ခဏတာရှုပ်ပွပြီးနောက် သေနေသူများ ထိခိုက်ဒဏ်ရာရတဲ့လူများနဲ့ နေရာအနှံ့သွေးနံ့တို့တလှိုင်လှိုင်။
'အဖွဲ့မှုး အဆင်ပြေရဲ့လား '
သူ့အခြေအနေမေးမြန်းနေသော တပည့်ဖြစ်သူ့အား ခေါင်းခါပြလို့ တယောက်သောသူအားရှာဖွေရလေသည်။
'ရတယ် မင်းတို့လုပ်စရာရှိတာဆက်လုပ်တော့ Offroad ကော '
'သူအပြင်ပြေးထွက်သွားတယ် '
'ဟန် ....!'
တခြားတယောက်မှပြန်ဖြေသံအဆုံး လူတချို့နဲ့အတူ အပြင်ဖက်သို့သူပြေးလိုက်ရတော့သည်။
တိုက်ပွဲဖြစ်စဉ်အတွင်း
Offroad တယောက် သူ့အနားဝိုင်းလာသူမှန်သမျှ အားဆော်ပလော်တီးနေတုန်း သူလူများလဲအတူဝင်ကူလာသည်မို့ တိုက်ရခိုက်ရပိုအဆင်ပြေသွားလေတယ်။ နှုတ်ခမ်းနားမှ သွေးစက်တို့အား ပွတ်ဆွဲလို့ တဖက်အလှည့် လှစ်ခနဲထွက်ပြေးသွားတဲ မျက်နှာဖုံး နဲ့လူကြောင့် ထိုလူအနောက်သူအပြေးလိုက်ရလေသည်။
သူဒီကိုအမောတကောပြေးလာရတဲ့ရည်ရွယ်ချက်က ဒီမျက်နှာဖုံးနဲ့လူအတွက်ပဲ။ ထိုလူကို လက်ရဖမ်းစီးနိုင်မှဖြစ်လိမ့်မယ်။ သူ့ဘဝတလျှောက်လုံး မျှော်လင့်နေရတဲ့ မျှော်လင့်ချက် အလင်းအရောင်က ထိုလူကိုဖမ်းမိကာမှ လမ်းကိုတွေ့မည်ဖြစ်လေတယ်။
'အဲ့မှာ ရပ်စမ်း!!!!! '
သူသေနတ်ကိုထုတ်လို့ ထိုလူအားပစ်မှတ်ထားလိုက်သည်။
'ငရဲပြည်မဆင်းချင်သေရင် ခုချက်ချင်းရပ်လိုက် '
ထိုလူကအသာရပ်သွားတာမို့ သူလဲအနားကိုသတိနဲ့တိုးသွားမိတယ်။

YOU ARE READING
Behind (Bl ) (Complete )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...