"မာမာလို့ခေါ်လို့ရပါတယ် လူကြီး"
"ဟေ"
"ခေါ်လေ မာမာလို့"
"ဟားဟား ဝဏ္ဏ မင်းသမီးကအလာလေးပါလားကွ မာမာလေးရေ လာ ဦးဆီ"'
'ဦး သိပ်သဘောမကျသေးဘူး တောဆန်တယ်'
(သူကတောမှာနေပြီးတော့🙄)"လူကြီး ချီ မာမာ့ကို"
"ကဲ လာကွ မာမာလေး"
မာမာ လူကြီးလက်ထဲမှာပျော်သည်
လူကြီးလဲပျော်နေသည်"သက်မင်း မင်းကလူပျိုကြီးလုပ်တော့မလို့လားကွ"
"ဖြစ်တော့မဲ့ပုံပဲကွာ နော် မာမာလေး"
မာမာကိုပြုံးပြပြီးပြောနေသည် မာမာပြန်ပဲပြုံးပြလိုက်သည် တကယ်တော့ဘာပြောနေသည်ကိုနားမလည်ပေ
"ဖေ့ လူပျိုကြီးကဘာလဲ"
"အော် သူက..."
"ကိုဝဏ္ဏ ကိုသက်မင်းကိုထိုင်ခိုင်းလိုက်ဦးလေ"
"အေးပါ လာ သူငယ်ချင်း ထိုင် မာမာ ဦးဦးပေါ်ကဆင်းတော့ ဖေ့ဆီလာ"
"လာဘူး မာမာမလာဘူး"
"ဦးဦးကညောင်းနေပြီတဲ့ လာ"
"မညောင်းဘူးတဲ့ နော် လူကြီး နော်"
"ရပါတယ် ဝဏ္ဏ သိပ်မနှစ်ပါဘူး"
"အေးပါကွာ ဘာသောက်မလဲ"
"ကော်ဖီ"'
"ကော်ဖီ"
"မာမာကတော့ကွာ မာမာကော်ဖီသောက်ချင်လို့လား"
"ဟုတ်တယ် လူကြီး"
"မင်းသမီးကချစ်စရာလေး"
"ကြာမှသူ့ဒဏ်ကိုသိမှာ မိန်းမရေ ကော်ဖီတဲ့"
"ခနစောင့် ဖျော်လိုက်မယ်"
"ဖေကလည်း မာမာလဲဘာမှမလုပ်ဘဲကို"
မာမာလူကြီးပေါ်တွင်မထိုင်ချင်တော့ ပျင်းလာသည် ကော်ဖီလာချပေးတော့ ကော်ဖီသောက်ပြီး လူကြီးနဲ့ဖေတို့ပြောစကားများကိုသာနားထောင်နေသည်
မာမာရော အသက်ကြီးရင် ဖေတို့လိုစကားအများကြီးပြောနေရမှာလား မပြောချင်ပါဘူး အာညောင်းတယ် ဒါပေမဲ့ ကော်ဖီသောက်ရတယ်"မာမာ ဆော့ဦးမယ်"
တစ်ခွန်းတည်းပြောပြီး ထွက်ခဲ့သည် လူကြီးကလဲအာရုံစိုက်ပုံမရ စကားပြောစမြဲ ဒီမှာတော့ သူ့ပေါ်ထိုင်လိုက်ရတာ ပူတယ်
အလိမ္မာ
-20(အခုအပိုင်းတွေကတော့ အသက်ဆယ်နှစ်ကျော်ရုံပဲရှိပါသေးတယ်နော်)သက်မင်းလွင်
-39(အခုလောလောဆယ်ကတော့ မာမာ့အဖေတို့နဲ့ရွယ်တူ သုံးဆယ်ကျော်လောက်ပေါ့)ဖတ်ရတာမကောင်းမှန်းလဲသိတယ် ဝါသနာပါလို့ပဲရေးတာ တစ်ခုခုတူနေတာရှိရင် ထောက်ပြပြီး လာပြောလို့ရတယ်နော်
Cat🖤