Part 5

1.7K 17 2
                                    

Warning- Contain Abusement, sexual activities and violence 🔞⚠️







"အင်း"

"ခန့်ခန့် သတိရပြီလား"

"သား ဆေးရုံရောက်နေတာလား ကိုကို"

"အေးဟုတ်တယ် မေမေတို့ ခုနက ပဲအိမ်ပြန်သွားတာ တော်သေးတယ်လို့ပြောရမယ်
တေဇ လို့ခေါ်တဲ့ မင်းနှင့်တစ်တန်းထဲ သူငယ်ချင်းက မင်းကို ဆေးရုံကားပေါ် တင်ပေးလို့"

"ဟင် ဟုတ်လား" ခန့်သူအသံများ ကတုန် ကယင်ပင် ဖြစ်သွား၏

"အဲတာ လာမယ့် Sunday မှာ သူ့ကို အိမ်မှာ ထမင်းကျွေးဖိတ်မလို့လေ"

"ဟာ ကိုကိုကလည်း ဒါလေးလုပ်ပေးတာနဲ့
‌ထမင်းဖိတ်ကျွေးစရာ မလိုဘူးလေ"

"တိတ်စမ်း ခန့်ခန့် ပြောစကားနားမထောင်ပဲ အစပ်တွေ လျောက်စားလို့ ဆေးရုံတောင် ရောက်ခဲ့ပြီးပြီ ‌မေမေတို့က ကျေးဇူးတင်လို့ ထမင်းဖိတ်ကျွေးတာ"

"ကိုကိုက ကလည်း"

"ကိုကို လည်း လုပ်မနေနဲ့ ညနေ အိမ်ပြန်ဆင်းလို့ရပြီ"

မိမိအား ဆေးရုံရောက်အောင်ပင်နှိပ်စက်ခဲ့သော သူတစ်ယောက်အား အိမ်ပေါ်ခေါ်တင်ရမည့် အကြောင်းတွေးပြီး ခန့်သူရင်မောမိပါသည်

.....

"သားထည့်စားနော် အန်တီတို့ကို အားမနာနဲ့"

"ဟုတ်ကဲ့ပါဗျ"

ထမင်းစားစားပွဲတွင် ခန့်သူနှင့် တေဇက တစ်ဖက် မေမေနဲ့ ကိုကိုကတစ်ဖက် ဖြစ်သည်

"မင်းသူငယ်ချင်းက အဲလိုပါပဲကွယ် အစပ်နဲ့ပတ်သက်ရင် နည်းနည်း Sensitive ဖြစ်တယ်"

"ဟုတ်ကဲ့ သိပါတယ်ဗျ"

"ခန့်ခန့် မင်းသူငယ်ချင်းကိုထည့်ပေးလိုက်လေ"

"ဟုတ် မေမေ"

"အကို့ညီကို ဂရုစိုက်ပေးပါဦးကွာ သူက စာတော်တယ်ဆိုပြီး မာန်လေးတော့ ရှိပေမယ့် စိတ်ရင်းတော့ကောင်းပါတယ်"

"ဟုတ်ကဲ့ပါဗျ"

"သားလေးက လိမ္မာလိုက်တာ ခန့်ခန့်နဲ့များကွာပ"

"မေမေကလည်းဗျာ"

"ကဲစားပါ စားပါ မေမေ ထပ်မစ‌တော့ပါဘူး"

Bad Days Of Khant ThuWhere stories live. Discover now