Part 6

1.6K 43 6
                                    

Warning- Contain sexual Abusement
⚠️🔞

"မြတ်မြတ်ရေ ခန့်ခန့် ကို သေချာဂရုစိုက်ဦးနော် ဒီကလေး အခုတလော တော်တော် ချူချာနေတာ ဒီတစ်ခါ မေမေ တို့သွားမှာ ၁လလောက်ကြာမယ် အရေးနဲ့ အကြောင်းနဲ့ဆိုလည်း ဖုန်းဆက်လိုက်နော်"

"ဟုတ်မေမေ မေမေသာ စိတ်ချသွားပါ
သားမှာ မေမေ ဖေဖေ နဲ့ ခန့်ခန့်ပဲရှိ သူတို့ကို ဂရုမစိုက်လို့ ဘယ်သူ့ကိုသွား ဂရုစိုက်ရမှာလဲဗျ"

"ဟေ့ကောင့် မင်းပဲအပြောကောင်း ရည်းစားရမှ အသဲလေး‌ အသဲလေးဖြစ်နေလို့ကတော့ကွာ"

"ဖေဖေကလည်း"

"ဖေဖေ ကလည်းလုပ်မနေနဲ့ သွားပြီ ခန့်ခန့် ဖေဖေတို့သွားပြီနော်"

"ဟုတ်ဖေဖေ"

ခြံထဲက တရွေ့ရွေ့ထွက်သွားသော ကားကလေးကို ကြည့်ပြီး ခန့်သူ သက်ပြင်းချမိသည်

"ခန့်ခန့် အထဲ၀င်ရအောင် ကိုကို့မှာ မေးစရာတွေအများကြီးရှိတယ်"

"ဟုတ်"

အိမ်ထဲသို့အရောက်...

"ခန့်ခန့် မင်းမှာ ဘာအခက်အခဲတွေရှိနေတာလဲ ကိုကို့ ကိုပြောပြကွာ မင်းအဆင်မပြေနေ တာ ကိုကိုသိပါတယ်"

"နေမကောင်းလို့ပါ ကိုကိုရာ သားဘာမှမဖြစ်ပါဘူး"

"လိမ်နေတာ"

"မလိမ်ပါဘူးကိုကိုရာ သားမှာအဆင်မပြေတာရှိရင် ပြောပြမှာပါဗျာ ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့ ဟုတ်ပြီလား"

"အေးပါကွာ စောက်ကလေး"

မွေးကတည်းက ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ကောင်ကလေးက တစ်ကယ့်ကို စကား အတတ်လေး လိမ္မာရေးခြားကလည်း သိပ်ရှိတာ

အိမ်၏ အငယ်ဆုံးလေးဖြစ်တာက တစ်ကြောင်း မိမိ၏ တစ်ယောက်ထဲသော ညီအကို ဖြစ်တာကတစ်ကြောင်း ခန့်ခန့်မျက်နှာ ညိုးငယ်နေတာ မြင်ရမှာ မလိုလားပေ

"တီ"

ထိုသို့ အ‌တွေး၀င်နေစဉ် ခြံအရှေ့မှ ကားဟွန်းတီးသံကြားလိုက်ရသည်

မြတ်သူ ကိုယ်တိုင် ခြံတံခါးသွားဖွင့်ပေးရာ တေဇပင် တေဇ တစ်ယောက်ထဲမဟုတ် သူ့သူငယ်ချင်း နှစ်ယောက်ပါ ပါသေးသည်

Bad Days Of Khant ThuWhere stories live. Discover now