"မမ အဲ့နာမည်ကိုမကြိုက်ဘူး တု"
"ဘာလို့လဲ မမကလည်း ဒီလောက်လှတာကို"
"မစ်ခ် ဆိုတာ နို့လေ မမကိုအမြဲဝိုင်း စကြတယ်"
"နို့ဆိုတာ လူတွေအတွက်မကောင်းတာမှမဟုတ်ပဲ။နို့သောက်ရင် အရပ်ရှည်တယ် အရိုးအဆစ်သန်မာတယ် လူတစ်ယောက်ရဲ့ကျန်းမာရေးကိုအထောက်ကူပြုတယ်လေ"
"ဘာပဲဖြစ်ဖြစ် မမမကြိုက်ဘူး တု...။ တု နာမည်ဆို တုတွန်တာဝမ် နာမည်လေးကရှည်တယ် လှလည်းလှတယ် မမလည်းအဲ့လိုနာမည်လေးလိုချင်တယ်"
တု တစ်ယောက်သေသေချာချာစဥ်းစားကာ သူ့မမအတွက်ခေါင်းထဲမှာနာမည်လှလှလေးတစ်လုံးပေါ်လာသည်။
"မျု့ပန်ဆ ဆိုရင်ကော မစ်ခ်ဆိုတာထိုင်းလိုရေးရင် မျု့လို့အသံထွက်တယ် ပန်ဆ ဆိုတာကို မျိုးရိုးနာမည်အဖြစ်သုံးပေါ့ မမရဲ့"
"မျု့ပန်ဆ.... အခုက စပြီး မမနာမည် မျု့ပန်ဆ ပဲနော် မမရဲ့ မစ်ခ် ဆိုတဲ့နာမည်ကို မရှိခဲ့သလိုပဲထားရမယ်"
"ဟုတ်ကဲ့ပါ မမရဲ့"
သစ်ပင်ကြီးရဲ့အောက်ကဒန်းလေးပေါ်မှာနှစ်ယောက်သားထိုင်ပီးစကားတွေပြောနေသည်။
"တု..သိလား ဂေဟာက တခြားကလေးတွေကို လူကြီးတွေကမွေးစားဖို့ဆိုပြီးခေါ်သွားကြတာ...တကယ်လို့ တု ကိုသူတို့ခေါ်သွားကြရင် မမတို့နှစ်ယောက်ဝေးသွားကြမှာ.."
တု မျက်နှာချက်ချင်းညှိးသွားကာ သက်ပြင်းချလိုက်လိုက်သည်။
"တု တို့မှာရွေးချယ်စရာမှမရှိတာ မမရယ်...ဘယ်လိုအခြေနေမျိုးတွေကြောင့်ပဲဖြစ်ဖြစ် တု တို့ဝေးသွားရင်တောင် တု တို့နှစ်ယောက်ရဲ့သံယောဇဥ်ကြိုးလေးကြောင့် တနေ့နေ့တော့ ပြန်စုံတွေ့နိုင်မှာပါ"
13 နှစ်အရွယ်ကလေးလေးတစ်ယောက်ရဲ့ပါးစပ်က ထွက်လာတဲ့စကားလုံးတလုံးချင်းစီတိုင်းဟာ အရွယ်ရောက်လူကြီးတစ်ယောက်ပြောနေသလိုကို ထင်စေရသလောက်သဖွယ် လေးနက်တယ်။အသက် 3နှစ်ကွာသော ကလေးနှစ်ယောက်ရဲ့သံယောဇဥ်တွေ ချစ်ခြင်းမေတ္တာ တွေဟာအလွန် နက်နည်းတယ်။
ကလေးနှစ်ယောက်လုံးတွင်မိဘတွေမရှိကြတော့ခြေ။သူတို့မိဘတွေဘာဖြစ်သွားသလဲဆိုသည်ကိုလည်း သူတို့မသိကြ။လူကြီးတစ်ယောက်ခေါ်လာလို့သာ ဂေဟာကိုရောက်လာခြင်းဖြစ်သည်။ဂေဟာကိုရောက်ရှိလာကြသည့်အချိန်တွေကလည်းမတူညီပေ။ တုတာဝမ် က ပန်ဆထက် လအနည်းငယ်စောသည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
YOU ARE READING
𝑊𝑒'𝑟𝑒 𝑇ℎ𝑟𝑒𝑒³
FanfictionThese two people are important for me... But I can't choose for one #milklove #milktu Start : 13.9.2024 End :