Ep5

334 27 6
                                    

TTT ဆိုတာ Tutontawan လား..?
တု ရည်းစားဟောင်းများလား?...

"တောက်ခ်!!"

ပန်ဆ၏တောက်ခ် ခေါက်သံကြောင့်ကန်တင်းတစ်ခုကလုံးကလူများလန့်သွားကြသည်။ တု နှင့် ဝင်းလည်းကြားပေမဲ့ ပန်ဆစိတ်ဆိုးနေသည်ကိုသိသောကြောင့်မသိချင်ယောင်သာဆောင်နေလိုက်သည်။

"တု ဒါဆိုအကိုသွားပြီနော် အတန်းချိန်နီးနေနေပြီမို့"

"ဟုတ်..ကောင်းကောင်းသွားပါအကို"

ဝင်း ထွက်သွားသည်ကိုသာပန်ဆ စိုက်ကြည့်ကာအလိုမကျဖြစ်နေသည်။အဲ့စီနီယာကိုစောင့်ကြည့်နေတာကြာပြီ တု အနားမှာအမြဲလိုလိုတွေ့နေရတယ်..။

.
.
.
.
.
.
.
.
.
.
.
.

တုတစ်ယောက်ဖုန်းကိုသာအာရုံစိုက်ပြောနေ၍အလျင်စလိုဖြစ်နေသည်။ဘယ်လောက်တောင်လဲဆို ပန်ဆရှေ့ကဖြတ်သွားတာတောင် ပန်ဆကိုသတိမရ။

"ဘာတွေအလျင်လိုနေပါလိမ့်"

"ဟုတ်..အကို တု အခုလာခဲ့မယ်"

တု ဖုန်းထဲတွင် အကို ဆိုသောစကားကိုကြားလိုက်ရတာကြောင့် ပန်ဆသိချင်သွားမိသည်။တု ကအတန်းချိန်တွေဆိုမလွတ်တမ်း တတ်သောကျောင်းသူတစ်ယောက်..အခုအတန်းတောင်မတတ်နိုင်ဘဲဘာတွေအဲ့လောက်ဖြစ်နေသလဲ..ပြီးတော့ အကိုတဲ့..သေချာပေါက်ဟိုစီနီယာပဲနေမှာ..။

ပန်ဆစိတ်ထဲစပ်စုချင်စိတ်တွေများလာကာ တု နောက်ကိုခိုးလိုက်သွားရန်ဆုံးဖြတ်လိုက်သည်...

.......

တု ဦးတည်သွားနေသော နေရာမှာ မြို့အနောက်ဘက်ကဆေးရုံတစ်ခုပင်...။ဘာသွားလုပ်တာပါလိမ့်?..

တု သတိမထားမိအောင်ခြေထောက်ကိုဖွဖွလေးလှမ်းကာ ဆေးရုံထဲသို့လိုက်ဝင်သွားသည်။

အခန်းနံပါတ်66ထဲသို့ဝင်သွားပြီး တံခါးတောင်မပိတ်ခဲ့။အထဲမှစကားသံတချို့ကို လှေကားနားမှာပုန်း၍နားထောင်နေသည်။

"အကို အန်တီ့အခြေနေလေး.."

"အန်တီကခွဲစိတ်ထားရတယ် အူအတတ်ပေါက်လို့"

"ဘယ်လို..!!ရုတ်တရက်ကြီးပါလား.."

"လောလောဆယ်ပိုက်ဆံကိုအကိုစိုက်ပေးထားတယ်"

𝑊𝑒'𝑟𝑒 𝑇ℎ𝑟𝑒𝑒³Where stories live. Discover now