"တု..ဘာလုပ်နေတာလဲ"
"အော်...လန့်လိုက်တာအကိုရယ်"
ပန်းပင်လေးတွေကိုသေချာစူးစိုက်ကာကြည့်နေသောကြောင့် ဝင်းက ရုတ်တရတ်စကားလာပြောတဲ့အချိန်တွင် လန့်ပြီး ကြက်တိမ်းတောင်ထရသည်။
"ဒီမှာလေ နှင်းဆီပန်းလေးတွေအရမ်းလှနေလို့ကြည့်နေတာ"
"အကိုကလမ်းမှာတွေ့လို့ခေါ်လိုက်တာ အကို့အိမ်လည်းအလည်လာအုန်းလေ"
"အားတဲ့တစ်ရက်ရက်လောက်အလည်လာပါ့မယ်"
"တု...ကမအားဘူးလား"
"အွန်း တု အသက်18ပြည့်ပီလေ ဂေဟာမှာနေဖို့မသင့်တော်တော့ဘူးမလား ဂေဟာကထွက်ရင် ငှားဖို့တိုက်ခန်းအတွက် အချိန်ပိုင်းအလုပ်လေးတွေလုပ်ရင်းပိုက်ဆံစုနေတာပါ"
ဝင်း စိတ်မကောင်းဖြစ်ရသည်။အခုမှ18ပြည့်တဲ့ကလေးက သူ့ဘေးမှာဘယ်သူမှမရှိပဲတစ်ယောက်ထဲရပ်တည်နေသည်ကိုသူမကြည့်ရက်ပေ။
"တခုခုအကူညီလိုရင်ပြောနော် တု"
"ရပါတယ်အကို တုတစ်ယောက်ထဲလည်းအဆင်ပြေပါတယ် တု နားကနေ မမထွက်သွားပြီးကတည်းက တု တစ်ယောက်ထဲပဲနေခဲ့ရတာကို"
စကားပြောတိုင်း မစ်ခ်မပါရင် မပြီးတဲ့တု...ဟိုး....ငယ်ငယ်လေးကတည်းကနေ အခုထိ မစ်ခ်ကိုဘယ်တော့မှမေ့ပျောက်သွားသည်ဆိုတာမရှိ။
"တု မစ်ခ်ကိုမမေ့သေးဘူးနော်"
"အွန်း...အကို တု မမကိုဒီတက္ကသိုလ်မှာတွေ့ခဲ့တယ်"
"ဟင်"
တု..နာကျင်ရမှာဆိုးလို့မှဖုံးကွယ်ထားပါတယ်ဆို မစ်ခ်နဲ့မှသွားတွေ့ရသလား။
"အကို အကိုကနောက်ဆုံးနှစ်တောင်ရောက်နေပြီပဲ အကိုမမကိုမတွေ့တာတော့မဖြစ်နိုင်ဘူးနော်"
မထူးတော့ဘူးလေ အမှန်တရားကတနေ့ပေါ်လာတာပဲ တုကို ဖုံးကွယ်နေတာဒီမှာရပ်သင့်ပီ။
"အကိုတောင်းပန်ပါတယ် တု..အကို တုကိုဆက်ပြီးမနာကျင်စေချင်တော့ဘူး"
"တု...နည်းနည်းတော့ခံစားရတာပေါ့အကိုရယ်...မမက တု ကိုမှ မမှတ်မိတော့တာ...လူသစ်တစ်ယောက်လိုကိုပြောင်းလဲသွားပီ ဘာပဲဖြစ်ဖြစ် မမ ပျော်နေရင် တု ကျေနပ်ပါတယ်..."
YOU ARE READING
𝑊𝑒'𝑟𝑒 𝑇ℎ𝑟𝑒𝑒³
FanfictionThese two people are important for me... But I can't choose for one #milklove #milktu Start : 13.9.2024 End :