Five

51 6 0
                                    

"ဟိုဝိုင်းက ငေးလှချည်လား?"

ဘယ်ဆိုင်ထိုင်ထိုင် ဒီလိုပဲအငေးခံ အငမ်းခံနေကျမို့ ဝမ်ရိပေါ်အတွက် ဘာမှသိပ်မထူးဆန်းပေမယ့် ဒီတခေါက်တော့ ဟောက်ရွှမ်းဆီကအသံပါထွက်လာတာမို့ မျက်ခုံးပင့်ပြလိုက်တော့..ဟောက်ရွှမ်းက တည်နေရာကို မျက်စပစ်ပြလာတယ်။

"မနက်က ကောင်လေး"

တချက်မသိမသာလေးလှည့်ကြည့်လိုက်ရင်း ပြောလိုက်မိတော့..

"ဟမ်!"

"ဪ မနက်က ခွမ်းကောပြတဲ့ ကောင်လေးလို့ပြောတာ"

"သူဟုတ်လို့လား ခွမ်းကောပြတာ သူ့ဘေးကကောင်လေးလားလို့"

"အမ်?"

"ကြည့်လေ နှစ်ယောက်လုံးဝတ်ထားတာ အနီရောင်ပဲဟာ ခွမ်းကောပြတာ သူလို့တော့ငါမထင်ဘူးနော်"

ဟောက်ရွှမ်းပြောမှ ဖုန်းထောင်ကြည့်မိလိုက်တော့ ဟုတ်သား။နှစ်ယောက်လုံးဝတ်ထားတာက အနီရောင်ဆိုပေမယ့် သူဝတ်ထားတာက အနီနဲ့အနက်ရှပ်ကွက် ဟိုတစ်ယောက်က T-shirt အနီရဲရဲ။

"ဟက် ဖက်တီးပုတ်လေး"

"နည်းနည်းလေးပြည့်တာပါ"

ကြည့်လို့မှမပြီးသေးခင် ဟောက်ရွှမ်းရဲ့ဝေဖန်သံကြောင့် နှုတ်ကအလိုလို ကန့်ကွက်စကားထွက်သွားမိတော့...

"ဝိုး...ဝမ်ရိပေါ်က အကောင်းမြင်တတ်သေးတယ်ပေါ့"

ဟောက်ရွှမ်းစကားကြောင့် မျက်စောင်းပိတ်ထိုးလိုက်ရင်း မျက်လွှာပါတဆက်တည်းချကာ စိတ်ပျက်သလိုခေါင်းခါလိုက်မိတယ်။အကောင်းမြင်တယ်ပဲဖြစ်ရသေးတယ်။ထိုကောင်လေးက ခန္ဓာကိုယ်က အရမ်းဝနေတာမျိုးမဟုတ်ပဲ မျက်နှာလေးတင်ကွက်ဖောင်းနေလို့ ပြည့်တယ်လို့ပြောမိတာ အမှားလား။

"ပြုံးလိုက်ရင်တော့ တော်တော်ချစ်စရာကောင်းတယ်ကွ"

ရိပေါ်က သူတို့ခုံကိုဆို ကျောပေးအနေအထားမို့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဟောက်ရွှမ်းက တခုချင်းကြည့်လို့ ဝေဖန်လေကန်နေတယ်။

"သွားမယ်..ထ!"

"ဟ ငါမဝသေးဘူးလေ"

"မင်းက မမြိုပဲ သူများကိုဝေဖန်နေတာလေ မပြီးသေးလဲဆက်စားနေ ငါတော့ပြန်ပြီ!"

ကျွန်တော်ချစ်မိ အပြစ်ရှိသည်။Where stories live. Discover now