Three

73 8 0
                                    

"ဟာကွာ! တောက်!!"

ဒေါသတွေထွက်ရလွန်းလို့ ဘယ်ကိုပုံချရမယ်မှန်းမသိတာမို့ ဆိုင်ကယ်ကိုဒေါက်တောင်မထောက်နိုင်ပဲဆွဲလှဲပစ်လိုက်သည်။

"ကဲကွာ! ကဲကွာ!!"

"ဟ ရိပေါ် ! စိတ်ထိန်းလေကွာ!"

လဲကျနေတဲ့ ဆိုင်ကယ်ကို စိတ်ရှိလက်ရှိကန်ပစ်နေတုန်း အနားရောက်လာတဲ့ ဟောက်ရွှမ်းက အတင်းဆွဲနေတာမို့ ဒေါသတွေကို မနည်းမျိုချလိုက်ရတယ်။

"ဘာဖြစ်တာလဲကွာ! အလန့်တကြား"

"ရှောင်းကျန့်လေ! ရှောင်းကျန့်ပေါ့"

"ရှောင်းကျန့်! ဘာဖြစ်လို့လဲ?"

နာမည်ပဲပြောနိုင်တယ် ဒေါသဖြစ်လွန်းလို့ဆက်မထွက်လာတဲ့စကားကို ခုမှအနားရောက်လာတဲ့ ချောင်ပင်းက နားစွန်နားဖျားကြားပြီး အသဲအသန်မေးနေတာမို့..

"ဟက် သိပ်စိတ်ပူသွားတာလား?"

"အဲ့..အဲ့လို မဟုတ်ပါဘူးကွာ"

ချောင်ပင်းရဲ့စိတ်ကိုသိနေတာမို့ ခနဲ့တဲ့တဲ့မေးလိုက်ပြီးမှ စိတ်ကိုလျော့လို့ နှုတ်ခမ်းတစ်ဖက်ကိုရွဲ့ကာပြုံးလိုက်ရင်း..

"ပူမနေနဲ့ သူက ဘာမှမဖြစ်ဘူး ဖြစ်နေတာက ငါ!"

"မင်းက..မင်းက ဘာဖြစ်လို့တုန်း? မနက်ကပဲ စကီလေးနဲ့သာယာနေပြီးတော့များ"

ဟောက်ရွှမ်းအပြောကို ခေါင်းတချက်ခါလိုက်ရင်း..

"ရှောင်းကျန့်က ငါ့ကိုဖြတ်သွားတယ်"

"ဘာ!!!!"2

"ဟ! ီးဖြစ်လို့ မတရားအော်နေတာလား?"

နားထဲလက်ထိုးကော်လိုက်ပြီး အော်တဲ့နှစ်ကောင်ကိုပါဆဲပစ်လိုက်တယ်။နားကို အူသွားတာပဲ။စောက်ရမ်းအော်တဲ့ဟာတွေ။

"မဖြစ်နိုင်တာကြီးကွာ မင်းက ဖြတ်တယ်ဆိုရင်တောင် ယုံဦးမယ် ငါတို့က"

ချောင်ပင်းကပါ ခေါင်းညိမ့်လို့ ထောက်ခံကြောင်းပြနေတာမို့..

"မယုံလဲမတတ်နိုင်ဘူး ဖေ့သားတွေရေ တကယ်ကြီး မင်းတို့ပထွေးက ငါ့ကိုဖြတ်သွားတာ ဟုတ်ပြီလား?"

ကျွန်တော်ချစ်မိ အပြစ်ရှိသည်။Where stories live. Discover now