Eleven

45 4 2
                                    

"ဟိုမှာ မင်းရည်းစား!"

ထမင်းငုံ့စားနေရာက ကျန်းချန်အပြောကြောင့်မော့ကြည့်မိတော့ ကန်တင်းထဲဝင်လာတဲ့ ကိုကိုနဲ့သူ့သူငယ်ချင်းနှစ်ယောက်။

"ရန်ဖြစ်ထားတာလား?"

"အမ်?"

ကျန်းချန်အမေးကို နားမလည်သလို ကြည့်မိတော့ ကိုကို့ဖက်ကိုမေးထိုးပြကာ..

"အဲ့လူနဲ့ ရန်ဖြစ်ထားလား..လို့မေးတာ"

မျက်မှောင်တချက်ကြုံ့လို့ ခေါင်းခါကာ..

"မဖြစ်ပါဘူး!"

"ဘာလို့ မခေါ်တာလဲ ဟိုတစ်ယောက်ကလဲ မသိသလိုလိုနဲ့"

"ဟို...

"ငါ မသိတာ ရှိသေးတာလား? ရှောင်းကျန့်!"

ဒေါသသံပါကာ စစ်မေးလာတဲ့ ကျန်းချန်ကို..

"ကျောင်းမှာ ငါတို့တွဲနေတယ်ဆိုတာ မသိစေချင်လို့ပါ"

"သူကလား?"

ကျန်းချန်ဒေါသနဲ့ဆို အဖြေမှားသွားတာနဲ့ တခုခုဖြစ်နိုင်တယ်ဆိုတာ ကြိုသိနေတာမို့..

"ငါတို့..နှစ်ယောက်လုံး"

"ငါ မယုံဘူး!"

"မယုံလဲ မတတ်နိုင်ဘူး ငါအမှန်တိုင်းပဲပြောတာ"

မယုံသူကိုဗြောင်လိမ်လိုက်တော့လဲ...

"မင်း အဆင်ပြေလို့လား?"

"ပြေ.ပါ..တယ်"

အသံတိမ်တိမ်နဲ့ဖြေမိတော့..

"ငါ့ကို သေချာကြည့်ပြီး..ဖြေ!"

"ဘာဖြစ်နေတာလဲ ကျန်းချန်ရာ! ..ငါစားလို့ပြီးပြီ အတန်းထဲသွားတော့မယ် ညနေနောက်ကျမယ် ငါ သီချင်းရေးစရာရှိသေးလို့"

‌"ရှောင်းကျန့်! ဟေ့ကောင်..ရှောင်းကျန့်!!"

ပြောလို့ပြီးတာနဲ့ ဘယ်ကိုမှလှည့်မကြည့်ပဲ ဇွတ်ထွက်လာခဲ့လိုက်တော့သည်။ဆက်ထိုင်နေရင် ကျန်းချန်မေးတာနဲ့ အကုန်ပြောမိတော့မှာ။ကိုယ့်ချစ်တဲ့သူကို ဘယ်သူကမှ အပြစ်ပြောတာမျိုး ရှောင်းကျန့် လက်မခံနိုင်ပါ။

ကန်တင်းထဲဝင်လာတည်းက ထမင်းငုံ့စားနေတဲ့ အဖြူရောင်လေးကို ရိပေါ်မြင်သော်လည်း မသိသလိုသာ ဟန်မပျက်နေနေရာက သူ့သူငယ်ချင်းလှမ်းခေါ်သံကိုကြားမှ လှည့်ကြည့်လိုက်တော့ ‌ရှောင်းကျန့်က တော်တော်ဝေးဝေးကိုရောက်လို့နေပြီ။

ကျွန်တော်ချစ်မိ အပြစ်ရှိသည်။Where stories live. Discover now