တိမ်တွေကိုဖမ်းဆုပ်ဖို့ကြိုးစားကြည့်ဖူးလား၊
ရေပြင်မှာအရုပ်ရေးသလိုရူးမိုက်ဖူးရင်ရော။ဝဋ်ကြွေးလား၊ရေစက်လား..
အဖြေမရှာတတ်တဲ့ခေါင်းစဥ်တစ်ခုကို
ဘဝပေးတာဝန်အဖြစ်
ရက်ရောစွာထွေးပွေ့ရခြင်းတွင်၊
အစပျိုးမိသူကအရှုံး၊အဆုံးမှာကျန်ခဲ့တာလည်း
အရှုံး။ရူးလည်းလွမ်းရ၊ မူးလည်းလွမ်းရ။
................
ပိတ်ရက်ဖြစ်တာကြောင့် နာမည်ကြီး
ရှောပင်မောထဲမှာ လူတွေအုံထနေတယ်။
အကောင်းစားအဝတ်အစားတွေဝတ်ပြီး
တန်ဖိုးကြီးအိတ်တွေကိုင်ထားကြတဲ့
အမျိုးသမီး/သား၊ လူကြီး/ငယ်
အစုံစုံပါပဲ သူ့မျက်လုံးရှေ့မှာ
သွားလာနေကြတာ မူးနောက်ချင်စရာတောင်
ကောင်းတယ်။"ဆောရီး နည်းနည်းကြာသွားတယ်"
"အင်း ပြန်ကြတော့မလား"
"ပြန်မယ်လေ၊ အော..."
ရိပေါ် ထရပ်လိုက်ပြီး စောစောကအထိ
ဂိမ်းဆော့နေခဲ့တဲ့ဖုန်းကို
ဘောင်းဘီအိတ်ကပ်ထိုးထဲထည့်ရင်း
မျက်ခုံးပင့်မိတယ်။
ရှောင်းခယ့်ကြည့်ရတာ တစ်ခုခုပြောစရာရှိဟန်ပဲ။"ကောကပြောတယ်၊ ဒီနှစ် မွေးနေ့ပါတီလုပ်မှာတဲ့"
"......."
"ရယ်ရတယ်မလား၊ အသက်30ပြည့်မှ
ပါတီလုပ်မှာ၊ အရင်ကမလုပ်ဖူးပဲနဲ့လေ""အင်း"
ရိပေါ် ကော်ဖီဆိုင်ထဲကလှမ်းထွက်လာရင်း
ဝတ်ကျေတန်းကျေပြန်ဖြေလိုက်တယ်။
ရှောင်းခယ့်က ဘေးခုံမှာချထားတဲ့
မြောက်များစွာသောအိတ်တွေကို
ကမန်းကတန်းကောက်ယူပြီး
အပြေးလေးလိုက်လာတယ်။
ရိပေါ်က သူ့အိတ်တစ်လုံးမှမပါလို့
မယူခဲ့တာဖြစ်ပေမယ့်
လက်ထဲကိုအင့်ခနဲရောက်လာတဲ့
အိတ်တွေကိုငုံ့ကြည့်ပြီး သက်ပြင်းသာချရပါတယ်။
ကာယကံရှင်ကတော့ ဟီးခနဲရယ်လျှက်
YOU ARE READING
pull or push ?