*****************
ရိပေါ်အသက် 14နှစ်။သူက သာမန်ကောင်ငယ်လေးတစ်ယောက်ပဲ။
ကျောင်းသွားတယ်၊အပေါင်းအသင်းတွေနဲ့
သွားလာ၊စားသောက်တယ်။
သူ့မှာ ဝါသနာမရှိဘူး၊အိမ်မက်မရှိဘူး။
မိဘတွေလမ်းညွှန်ရာအတိုင်းပဲလျှောက်တယ်။
အဲဒါကြောင့် သူ့ဘဝကသိပ်ကိုရိုးရှင်းပါတယ်။..............
ရိပေါ်တို့ကျောင်းကို စီနီယာတွေရောက်လာတယ်။
အားလုံးက ဒီကျောင်းကနေ
အမှတ်ကောင်းကောင်းနဲ့အောင်သွားကြပြီး
တက္ကသိုလ်ကောင်းမှာ ကိုယ်တက်ချင်တဲ့
ဘာသာရပ်ကိုရွေးချယ်နိုင်ခဲ့ကြသူတွေ။"မေးချင်တာရှိရင်မေးလို့ရတယ်၊
ကောအကုန်ဖြေပေးမယ်နော်"တခြားကလေးတွေ မေးခွန်းကိုယ်စီ
အပြိုင်အဆိုင်မေးနေကြပေမယ့်
ရိပေါ်ကတော့ လူတိုင်းကိုအပြုံးတွေ
ဖောဖောသီသီစွန့်ကျဲနေတဲ့မျက်နှာလေးကိုသာ
ထိုင်ကြည့်နေမိတယ်။
မေးသမျှဖြေနေတဲ့နှုတ်ခမ်းလေးက
ပါးလှပ်လှပ်လေး။ အဲ ..နှုတ်ခမ်းအောက်မှာ
မှဲ့လေးလားလို့။"ဟိုညီလေး၊ တစ်ခုခုမေးချင်တာရှိလို့လား"
ရိပေါ်ကမ္ဘာကြီး တစ်ခနတာမျှ
လည်ပတ်ခြင်းရပ်တန့်သွားခဲ့တယ်။
လှလိုက်တာ!မျက်လုံးတွေက အညိုရောင်လေး။ယောကျာ်းလေးဖြစ်ပြီး မျက်လုံးလည်းလှတယ်၊
အပြုံးလဲလှတယ်၊ ရိပေါ်တစ်ခါမှ
ဒီလိုအညှို့ခံရသလိုခံစားချက်မျိုးမခံစားဖူး။
ကြားပဲကြားဖူးတာ၊ ထူးဆန်းတာက
အဲဒါက ယောကျာ်းလေးတစ်ယောက်ဆီက
ဖြစ်နေခဲ့တယ်။"ရိပေါ် နင့်ကိုမေးနေတယ်လေ"
ဘေးက အတန်းဖော်သူငယ်ချင်းရဲ့အသံကြားမှ
ရိပေါ် အတွေးအာရုံထဲကလွတ်မြောက်လာတယ်။"အမ်..ဘယ်သူဘာမေးတာလဲ"
"စီနီယာမေးနေတာ"
သူ့ကိုမေးတယ်တဲ့လား စီနီယာအချောလေးက။
နေပါဦး ခုနကမိတ်ဆက်တာနာမည်ဘာဆိုလား။
ပြီးတော့ သူ့ကို ဘာမေးတာပါလိမ့်။
YOU ARE READING
pull or push ?