5

161 34 2
                                    

'အတန်းပြီးရင်လာခဲ့'

ရိပေါ်က တကယ်လည်း
ကောအတွက် ခွေးပေါက်လေးတစ်ကောင်
ဖြစ်သွားခဲ့ဟန်တူပါတယ်။ဒီလိုဆိုတော့
ပိုင်ရှင်အမိန့်ကိုလိမ်လိမ်မာမာနာခံတဲ့
မျက်လုံးဝိုင်းဝိုင်းပါပီလေးအဖြစ်ရိပေါ်က
တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ရတာပေါ့။

"မဖတ်ဖြစ်တော့တဲ့စာအုပ်တွေ
လိုအပ်တဲ့နေရာလှူမလို့
အရမ်းမဟောင်းတာတွေထဲကရွေးထုတ်ပေး"

"ဟုတ် ကော"

ပြောပါတယ်၊ ရိပေါ်က နားရွက်လေးထောင်ပြီး
အမြီးလေးတောင်နှံ့နေမိတယ် စိတ်ကူးထဲမှာ။

ကောဆီမှာ စာအုပ်တွေအများကြီးရှိတယ်။
အားလုံးက သပ်သပ်ရပ်ရပ်တည်ရှိခဲ့တာကြောင့်
အကောင်းပကတိတွေချည်း။
ရိပေါ်က အချိန်တော်တော်ယူလိုက်ရပြီးမှ
စာအုပ်ခွဲခြင်းအမှုအောင်မြင်သွားခဲ့တယ်။

"ပြီးပြီလား"

"ပြီးပြီ၊ ဘာထပ်လုပ်ပေးရမလဲ"

ကောက အနောက်ကစားပွဲမှာထိုင်ပြီး
လက်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေပါတယ်။

"မရှိတော့ဘူး ပြန်တော့"

"အမ်..."

"လုပ်စရာမရှိတော့ဘူးလေ
အဲဒါကြောင့်ပြန်တော့"

"ကော.."

"ပြောတာအကုန်နားထောင်မယ်လို့
ကတိပေးထားတာမဟုတ်ဘူးလား၊
အခု ရက်ပိုင်းပဲရှိသေးတယ်
စကားမတည်ချင်တော့ဘူး မင်း"

"အဲလို မဟုတ်ပါဘူး၊
ပြန်ဆိုလည်း ပြန်ရတာပေါ့"

ရိပေါ်က မျက်နှာမဲ့လိုက်မိပြီး
ဘေးနားမှာချထားတဲ့အိတ်ကို
ကောက်ယူလိုက်တယ်။

"ကော ကျွန်တော်ပြန်ပြီ"

"အင်း"

ကောက တစ်ချက်လေးတောင်ကြည့်မလာ။
တကယ်ကို ရက်စက်တဲ့နှင်းဆီ။

ရတယ်ဝမ်ရိပေါ်၊ဒီအခြေအနေတောင်မှ
မျှော်လင့်ထားတာထက်အများကြီး
ပိုကောင်းနေပြီ၊ ဖြည်းဖြည်းချင်းသွားမယ်။
လောစရာမလိုဘူး။

ဆိုင်ကယ်အနားရပ်ပြီး သူ
ဟိုနှိုက်ဒီနှိုက်လုပ်နေမိတယ်။
ဆိုင်ကယ်သော့ ရှာမတွေ့တော့ဘူး။
ဘောင်းဘီအိတ်ကပ်ထဲရော၊ ကျောပိုးအိတ်ထဲပါ
မရှိတော့တာ။
လမ်းမှာကျန်ခဲ့တာတော့မဖြစ်နိုင်တာမို့
ရိပေါ် အိမ်ထဲတစ်ခေါက်ပြန်ဝင်ရတယ်။

pull or push ?Where stories live. Discover now