"ကိုကိုရေ"
"ကိုကို"
"ကိုကို့"
"ဟာကွာ" ခေါ်နာကို
"ကိုကိုနော်" သွားဘယ်တော့မှမခေါ်ဘူး
"ဟာ ပူတူးလေးကလဲဗျာ"
"ဒီမှာပူတူးလေးဖို့ ကိုကိုကခေါက်ဆွဲပြုတ်နေတာဗျ""အဲ့ဆိုပီးရော ကိုကိုနော် သတိထားနေ ဟွန့်"
"ဟောဗျာ့"
(...................................................................)^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
"ဟဲလို"
မီးမီးသဲတို့အိမ်ကပါလားရှင်။
!!!!!!!!!!!!!"ဟုတ်ပါတယ် ဘယ်သူလဲမသိပါဘူးရှင် ကျွန်မမီးမီးအမေပါ"
"ကျွန်မကသူ့အတန်းပိုင်ဆရာမပါရှင် အဲ့ကလေးမဒီနေ့ဘာလို့ကျောင်းမလာတာလဲမေးချင်လို့ပါ အမရေ"
"အော် ဟုတ်ကဲ့ဆရာမ မီးမီးရယ်ဗိုက်အောင့်လို့တဲ့ဆရာမရယ်""အမရေ မီးမီးတို့တော့ မူယာများပီ"
"ရှင် ဘာလို့လဲဆရာမ"?????သူမနေ့က စာမေးပွဲအမှတ်တွေ အမတို့ကိုမပြဘူးလား။
ဟင့်အင်း မပြဘူးဆရာမ။
"အတန်းထဲမှာလူက တစ်ရာ သူ့အဆင့်က97တဲ့အမရယ်""ရှင်"
အော် သိပီဆရာမရေ သိပီ။"နေ့ခင်းကျ လာလိမ့်မယ်ဆရာမရေမီးမီးတစ်ယောက်နဲ့တော့ ကျွန်မတို့လည်းမလွယ်ပါဘူး"
"ဟုတ်ကဲ့ပါအမရေ ကျေးဇူးပါရှင် အဲ့ဆိုဖုန်းချလိုက်မယ်နော်"
"ဟုတ်ဟုတ် ဆရာမ "
(...........)
"အမလေး ဒေါ်မီးမီးသဲရေ အခန်းထဲကနေခနလောက်ဒီကိုကြွခဲ့ပါအုံးရှင်"
"မေမေ" ဟဲဟဲ
ကဲ ကျွန်မကိုပြောပါအုံး။
ဟင် မေမေကလဲ မီးမီးလေးကိုဆူမို့လား။
"ကိုလင်းသော်" ဒီကိုလာပါအုံး။"တစ်ဦးတည်းသောသမီးဆိုးလေး မီးမီးသဲမှာ မအေကိုနိုင်သလောက်ဖအေဆိုရင်ကြောက်ရသည် ထို့ကြောင့် သူ့အဖေနာမည်ခေါ်လိုက်တာနဲ့ မျက်နှာကလေးမဲ့ကျသွားေတာ့သည်။(ဒါပေမဲ့နော် ကြောက်သာကြောက်တာ မအေဖအေတွေကိုအရမ်းချွဲတတ်တာ) အခုမှ(၇)တန်းသာရှိသေးတာအလှအပကလဲအရမ်းမက် စာဆိုမကြိုးစားဘူး အလှအပနဲ့အစားအသောက်သာလုံးပမ်းနေတဲ့သူလေးလေ။မျက်နှာလေးက ဝိုင်းဝိုင်းကလေး၊ ပါးလေးနှစ်ဖက်ကလဲဖျစ်ချင်စရာကောင်းလောက်အောင်ဖောင်းကစ်ကစ်လေး၊ ရီလိုက်ရင် ပါးချိုင့်လေးနှစ်ဖက်က ငါးတောင်ရေဝင်ကူးလို့ရတယ်၊မျက်လုံးလေးတွေကလဲပြူးပြူးလေးတွေ၊နှုတ်ခမ်းလေးကဆူကောက်ကောက်လေး၊ဆံပင်လေးကခါးလယ်လောက်ကိုအမြဲ ကျစ်ဆံမြီးလေးနှစ်ဖက်နဲ့ အရပ်ကလေးကလဲ5'တောင်မပြည့်တပြည့်လေးနဲ့တကယ့်ကလေးလေး။ကျောင်းသွားရင်တော့အပျိုမလေးလိုလိုနဲ့ အိမ်မှာဆိုတကယ့်ကလေး မနိုင်စိန်မလေးပေါ့"
YOU ARE READING
"ကိုကိုနော်"
Romanceတက္ကသိုလ်ကျောင်းသားကိုကို နဲ့ တိတ်တခိုးလေးခိုးချစ်နေတဲ့ ကလေးမလေးတို့ရဲ့အကြောင်းလေးပါရှင့်။(ရေးခါစမို့အမှားတွေအများကြီးပါနိုင်ပါတယ်ရှင့်။အရေးအသားလဲအများကြီးလိုပါတယ်နော်)