"မေမေ" မီးအန်တီကြော့ကိုကြောက်တယ်။
မကြောက်ပါနဲ့မီးမီးလေးရဲ့အန်တီကြော့ကမီးမီးလေးကိုအရမ်းချစ်တာလေ။"ဖေဖေ" ဘာပြောတော့ဘူးလားဟင်။
ဖေဖေကတော့သမီးလေးမေမေရဲ့သဘောပါပဲဗျာ။မီးမီးလေးတစ်ယောက်ထမင်းတောင်မကုန်တော့ဘူး အခန်းထဲဝင်သွားပါလေရဲ့။
မီးမီးအတွေးတွေက သူ့အန်တီဒေါ်ကြော့ကြော့သွယ်ဆီသာရောက်နေတော့တယ်။
"ဒေါ်ကြော့ကြော့သွယ် က အသက်35နှစ်လောက်သာရှိအုံးမယ် အရပ်ရှည်ရှည်ထောင့်ကောင်းကောင်းနဲ့ မာနလဲအရမ်းကြီးသလိုစည်းကမ်းလဲအရမ်းကြီးသူ"သူ့တူမလေးကိုဟိုးငယ်ငယ်လေးကတည်းက ဘယ်ယောကျ်ားလေးနဲ့မှပူးပူးတွဲတွဲမနေခိုင်းဘူး နေတာမြင်တာနဲ့မိဘတွေကဘာမလုပ်ဘူးသူကရိုက်တော့တာပဲ။အဲ့ကြောင်မီးမီးသဲက သူ့အန်တီဆိုအရမ်းကြောက်ရတာ။သူငယ်ချင်းလဲမထားရဲရင်းကနေ စွာတေးလန်မလေးဖြစ်လာရတော့တာပေါ့။အရင်ကမီးမီးသဲတို့နဲ့ ကြော့ကြော့သွယ်တို့ကတစ်အိမ်တည်းအတူနေခဲ့တာ ရန်ကုန်မှာ။မီးမီးအဖေဦးလင်းသော်က စိုက်ပျိိုးရေးလုပ်ငန်းလေးလုပ်မယ်ဆိုလို့ မိသားစုလိုက်ပြင်ဦးလွင်ကိုပြောင်းလာကြတာ တစ်နှစ်လောက်ပဲရှိသေးတယ်။အဲ့ဒါကြောင့် မီးမီးကအခုဒေါ်ကြော့ကြော့သွယ်မန္တလေးအပြီးပြောင်းလာပြီဆိုတည်းကစိတ်ညစ်သွားတာ ကျောင်းပါသွားတက်ရမယ်ဆိုတော့ မီးမီးအတော်ကိုစိတ်ညစ်နေရလေပြီ။
"အန်တီကြော့ကို သမီးကြောက်တယ် လို့စိတ်ထဲကတိုးတိုးလေးသာပြောနေမိတော့တယ်"
ဒါတွေတွေးနေရင်းပဲမီးမီးအိပ်ပျော်သွားတယ်။(.............(..................)
"မီးမီးရေ " ထတော့လေ ကျောင်းသွားရအုံးမယ်လေ။
မေ့မေ့အသံကြားမှ မီးမီးနိုးတော့တယ်။ဟုတ်မေမေ့မီးမီးပြင်လိုက်အုံးမယ်။
"အေးအေး"
(....................................)
"အမယ် ငါကမှန်ထဲမှာအရမ်းလှနေတာပဲ ဟယ်တစောင်းလေးကပိုလှနေသေးတယ် ဟိဟိ "
စပ်စလူးမလေးမီးမီးသဲကသူ့ကိုသူမြှောက်နေတာပေါ့။
YOU ARE READING
"ကိုကိုနော်"
Romanceတက္ကသိုလ်ကျောင်းသားကိုကို နဲ့ တိတ်တခိုးလေးခိုးချစ်နေတဲ့ ကလေးမလေးတို့ရဲ့အကြောင်းလေးပါရှင့်။(ရေးခါစမို့အမှားတွေအများကြီးပါနိုင်ပါတယ်ရှင့်။အရေးအသားလဲအများကြီးလိုပါတယ်နော်)