"မီးမီးရေ"
အော်အိပ်ပျော်နေတာပဲငါ့တူမက။
"မီးမီးရေ ထထ တီကြော့အိမ်ရောက်ပြီ""ရှင်" ဟုတ်ကဲ့တီကြော့။
မီးမီးသဲအထုတ်ကလေးတွေနိုင်သလောက်သယ်ပြီး ကားပေါ်ကဆင်းလာခဲ့တယ်။ပြီးတော့အထုတ်ကလေးတွေခနချပြီး အန်တီကြော့ရဲ့အိမ်ကိုမျှော်ကြည့်လိုက်တယ်။အန်တီကြော့ရဲ့အိမ်က ကြီးကြီးကျယ်ကျယ်ကြီးမဟုတ်ပါဘူး။ဒါပေမယ့်အရမ်းသပ်သပ်ရပ်ရပ်ရှိတယ်။အိမ်ခြံဝန်းကိုဆူးတံတွေနဲ့ခတ်ထားတယ်။ခြံတံခါးကလဲသေချာအရောင်ခြယ်ထားတယ်။ခြံကလေးကသာမကျယ်တာ နာမည်ပါပေးထားတယ်။ အန်တီကြော့ကတကယ့်ကိုသပ်သပ်ရပ်ရပ်နဲ့စည်းကမ်းရှိရှိနေတာကအိမ်အပြင်ဘက်နဲ့တင်သိနေရပါပြီ။ခြံရဲနာမည်က "ဆူးခြံရံ"တဲ့။ "ဆူးခြံရံ ခြံပိုင်ရှင်ဒေါ်ကြော့ကြော့သွယ်ပေါ့"။အန်တီကြော့က ခြံတံခါးကိုဖွင့်ပေးတယ်။
မီးမီးက အထုတ်လေးတွေပြန်သယ်ပြီးနောက်ကလိုက်တယ်။ခြံထဲရောက်တော့ ခနပြန်ချပြန်ရော။မီးမီးခြံထဲဝန်းကျင်ကိုသေချာလိုက်ကြည့်တယ်။အန်တီကြော့က မာနကြီးတဲ့သူမို့လားမသိဘူးစိုက်ထားလိုက်တာ နှင်းဆီအနီရဲရဲတွေမှအများကြီး ဆူးတွေကလဲအများကြီးနဲ့။အိမ်ရှေ့နားလေးမှာပဲ ဒန်းလေးလဲရှိတယ်။အိမ်လေးကတော့သာသာယာယာလေး။
"မီးမီးရေ အိမ်ထဲဝင်ရအောင်လို့ ကြော့ကြော့သွယ်ကခေါ်လိုက်တယ်"
"ဟုတ် တီကြော့"
အန်တီကြော့ရဲ့အိမ်လေးကသိပ်မကြီးပါဘူး တစ်ယောက်တည်းနေတာဆိုတော့။ဒါအေမယ့်တစ်အိမ်လုံးတစ်ခြံလုံးကနေချင်စရာကောင်းလောက်အောင်သပ်သပ်ရပ်ရပ်လေးဖြစ်နေတာ။
"မီးမီးဒါက သမီးနေရမယ့်အခန်းနော်"
"ဟုတ် တီကြော့"
မီးမီး ရေချိုးတော့ ပီးရင်တီကြော့နဲ့ထမင်းစားမယ်နော်။
ဟုတ်တီကြော့။(..............( ... )
မီးမီးသဲကိုအခန်းထဲထိပို့ပြီး ရေမိုးချိုးဖို့ပါပြောပြီးနောက်တော့ ဒေါ်ကြော့ကြော့သွယ်ကိုယ်တိုင်လည်း ရေမိုးချိုးပြီး သပ်ရပ်လှပစွာပြင်ဆင်ပြီး ထမင်းစားဖို့ပြင်ပါတော့တယ်။
YOU ARE READING
"ကိုကိုနော်"
Romanceတက္ကသိုလ်ကျောင်းသားကိုကို နဲ့ တိတ်တခိုးလေးခိုးချစ်နေတဲ့ ကလေးမလေးတို့ရဲ့အကြောင်းလေးပါရှင့်။(ရေးခါစမို့အမှားတွေအများကြီးပါနိုင်ပါတယ်ရှင့်။အရေးအသားလဲအများကြီးလိုပါတယ်နော်)