01: Neue Welt

22 2 0
                                    

ခြေတစ်လှမ်းချင်း တစ်လှမ်းချင်းစီတိုင်းမှာ ခံစားချက်က ထူးခြားနေပေ၏။ တစ်ခါတစ်ရံတွင် နွေးထွေးမှု၊ တစ်ခါတစ်ရံတွင် နူးညံ့မှု ..

လောကတွင် တစ်ခါမှမတည်ရှိဖူးသည့်နေရာဒေသအသစ်ဆီ ရောက်နေသည်ဟု ကျတော်ခံစားနေရသည်။ လောလောလတ်လတ် Oven ထဲမှ ထုတ်လာသည့် ကိတ်မုန့်လေးတစ်ခုနှယ် ကမ္ဘာကြီးက အိစက်မွှေးပျံ့လို့နေ၏။

" လူရှိလား ? "

လူအရိပ် လူအယောင် မြူတစ်မှုန်မျှရှာမတွေ့နေသော်လည်း မျှော်လင့်ချက်ခပ်သေးသေးတစ်ခုဖြင့် ကျတော်အသံထွက်အော်ခေါ်ကြည့်လိုက်မိသည်။ နတ်ပြည်က ထိုမျှလောက် လူခြေတိတ်လျှင်တော့ အတော်ပျင်းစရာကောင်းမည်ဟုလည်း ခပ်မြန်မြန်သုံးသပ်လိုက်မိသေး၏။ Super Extrovert ဖြစ်တည်မှုနှင့်မွေးဖွားလာသော ကျတော့်၏ကံတရားသည် ဤကဲ့သို့တိတ်ဆိတ်လွန်းလှသောနေရာတွင် အဆုံးသတ်ရမည်မှာ သိပ်တော့အဆင်မပြေနိုင်လောက်။

" Annyeong ~ "

ဤအဝါနုရောင်လောကကြီးနှင့် မလိုက်ဖက်စွာ နောက်ဖက်နားမှ ထွက်ပေါ်လာသည့် အေးစက်စက်အသံတစ်ခုကြောင့် ကျတော်အနောက်ဖက်သို့ချာခနဲလှည့်ကြည့်မိလိုက်ရင်းတစ်ပြိုက်နက် ထိုသူ၏ ဝေးရာဘက်သို့ ခြေနှစ်လမ်းလောက်နောက်ဆုတ်လိုက်မိသည်။ လူသားတစ်ယောက်၏ သဘာ၀ဆန်ဆန် တုန့်ပြန်ခုခံမှုတစ်ခုအတိုင်းပင်။

" ဘယ်သူလဲဟင် .. ဒီနေရာက ဘယ်လိုနေရာလဲ "

ကျတော့်၏ ပြာယာခတ်လှသော မျက်နှာအမူအရာအား ထိုသူက ရိုးအီနေသောဇာတ်ထုတ်တစ်ခုကို ပြန်ကြည့်နေရသလို တည်ငြိမ်အေးစက်သော မျက်နှာအမူအရာဖြင့်ကြည့်နေသည်။

ဝင်ရိုးစွန်းတစ်ခုနှယ် ရှည်လျားလှပလှသော မျက်၀န်းတစ်စုံ၊ တိကျဖြောင့်စင်းလှသော နှာတံလေးနှင့် ခန့်ညားပြတ်သားလှသော မျက်နှာကျပုံစံတို့က ရုတ်တရက်ကြည့်လျှင်ပင် တစ်သွေမသိမ်း လူချောတစ်ယောက်ဟု မှတ်ချက်ပေးနိုင်လောက်အောင် ကြည့်ကောင်းလှသော ထိုသူသည် အနက်ရောင် suit ကို လည်ပင်းတစ်ဝိုက် ဟလျက်ဖြင့် ၀တ်စားထား၏။ မသိလျှင် ဧည့်ခံပွဲ၊ စျာပနတစ်ခုခုမှ ပြန်လာသယောင်ယောင် ...

Die DimensionenWhere stories live. Discover now