02: Wer ist er ?

26 3 5
                                    

" ... ... "

မျက်ခုံးထောင့်ကို လာထိသောခပ်နွေးနွေးအရာတစ်ခုကြောင့် ကျတော့်အသိစိတ်တို့ ပြန်၀င်လာခဲ့ရသည်။ လေးလံနေသော မျက်လုံးများကိုမဖွင့်လိုက်ခင် ဖြစ်ပျက်ခဲ့သည်များကို တတ်နိုင်သလောက် ထမင်းလုံးပြန်စီနေမိ၏။

" သတိရလာပြီလား ? "

ရင်းနှီးနေသောအသံတစ်ခုကြောင့် မျက်ခွံများကိုဖွင့်လိုက်ချိန်မှာတော့ ထပ်မံ၍ရင်းနှီးနေသော အခန်း။ ထို့နောက်သတိထားလိုက်မိသည့်က ကျတော်က WonWoo၏ ပေါင်ပေါ်တွင်ခေါင်းတင်လှဲလျောင်းနေခြင်းပင်။

ကမန်းကတန်း ကောက်ထလိုက်သဖြင့် ချာချာလည်သွားသော ဦးခေါင်းကိုခဏတာကိုင်ထား၍ အိပ်ယာတစ်ဖက်ခြမ်းမှ ဘဲဥပုံမှန်ချပ်ကြီးဆီသို့ လှမ်းကြည့်လိုက်မိသည်။ မျက်နှာအနှံ့တွင် ခြစ်ရာပွန်းရာများနှင့်အတူ တစ်ကိုယ်လုံးနီးပါးလည်း ဖူးယောင်နေသော ကျတော့်ကိုကျတော်မြင်လိုက်ရချိန် ညကကျတော်တွေ့ဆုံခဲ့သည့်အရာမှာ အတော်အန္တရာယ်ရှိသည့်သတ္တဝါတစ်ကောင်ကောင်ဟု လွယ်လင့်တကူမှတ်ချက်ချလိုက်မိ၏။ မျက်ခုံးနားမှ ပေါက်ပြဲဒဏ်ရာမှာတော့ အဆိုးဝါးဆုံးအနေဖြင့် သွေးစများပါ ရှိနေသေးသည်။

" သတိရလာပြီဆိုတော့ ရေနွေး၀တ်လေးတွေကို ဒီမှာပဲတင်ထားပေးခဲ့မယ် "

" .... ... "

" ခဏနေရင် အနာသက်သာစေမယ့် ဆေးမြစ်နွယ်တွေကိုကြိုချက်ထားတဲ့ လက်ဖက်ရည်တစ်ခွက် လာပို့ပေးလိမ့်မယ် ... သေသေချာချာ သောက်လိုက်ပါ "

ရေနွေးနှင့် အ၀တ်ဖြူစတို့ပြည့်နေသည့် ကြေးနီရောင်ဇလုံအား အိပ်ယာဘေးရှိခုံပေါ်တွင်တင်ကာ အခန်းထဲမှထွက်သွားတော့မည့်ဟန်ပြင်နေသည့် WonWoo သည် ထုံးစံအတိုင်း ကျတော့်ဆီမှ ဘာမှသိချင်နေပုံမပေါ်။ သူ့နယ်မြေထဲသို့ ကျူးကျော်လာသည့် ဒုက္ခသည်တစ်ယောက်ကဲ့သို့သာ မြင်နေပုံပေါ်ပါ၏။

" မနေ့ညက ... "

"... ... "

" ကျတော့်ကို ကယ်ခဲ့တာလား ? "

WonWoo ၏ ခြေလှမ်းတို့က ရှေ့ဆက်ရန်ရပ်တန့်သွားသည့်အပြင် ကျတော့်အားအဖြေပြန်ပေးရန် ခေတ္တတွေဝေသွားဟန်တူသည်။ ခက်ခဲသောမေးခွန်းမဟုတ်တန်ရာ .. သူဘာတွေတွေးနေသလဲ ကျတော်နားမလည်နိုင်သော်လည်း ...

Die DimensionenWhere stories live. Discover now