03 : die Sterne

22 3 2
                                    

" WonWoo-sshi ... "

ကျတော့်၏အသံမှာ သေချာပေါက် တုန်ယင်နေပေလိမ့်မည်။ လူကောင်ကြီးမားသော ယောကျာ်းသားတစ်ယောက်အနေဖြင့်ပင် တုန်လှုပ်စရာကောင်းသော ထိုမြင်ကွင်းမှာ ကျတော့်အား ပြောစရာစကားများ အစပျောက်နေစေသည်။ ကျတော့်ရှေ့တွင်ရပ်နေသည့် WonWoo မှာ WonWoo မဟုတ်ပဲ တစ်ခြားတစ်ယောက်ဖြစ်သွားသည့်နှယ်။ နွေးထွေးမှုတို့ မြူမှုန်ခန့်ပင် မရှိနေသည့် ထိုမျက်၀န်း၊ သနားညှာတာမှု ကင်းမဲ့နေသည့် စကားသံတို့ဖြင့် ပြုစားနေသည့် နတ်ဆိုးတစ်ကောင်အလား၊ သူ့မျက်နှာတွင်မြင်နေရသော ခံစားချက်အစုံတို့မှာလည်း ရောယှက်ရှုပ်ထွေးစွာ ...

" WonWoo-sshi ! "

ရုတ်တရက် ပြိုလဲကျသွားသော WonWoo ၏ ခန္တာကိုယ်အား ကျတော်ပြေးကာ ဖမ်းဆုပ်ထားလိုက်မိသည်။ လေးလံတောင့်တင်းသော WonWoo ၏ ပကတိကိုယ်လုံးလေးသည် ကျတော့်ရင်ထဲတွင် အံ၀င်ခွင်ကျပင် မှီလျက်သားဖြစ်သွား၏။ ပိတ်ကားချထားသော သူ၏မျက်၀န်းများမှလည်း မျက်ရည်စက်များက စီးကျကာ စိုစွက်နေလျက် ...

" တကယ်ပဲ ဘယ်လိုအဖြစ်တွေ ကြုံတွေ့နေရတာလဲကွာ .. "

သတိစိတ်မဲ့နေသော WonWoo ၏ ခန္တာကိုယ်လေးအား ထွေးပွေ့ထားရင်း ကျတော်ညည်းတွားလိုက်မိသည်။ ရင်ထဲတွင်တော့ ကျတော်ကိုယ်တိုင်တောင် အမည်မဖော်တတ်တော့သည့် ခံစားချက်များက လှိုက်တက်လာရင်းဖြင့် ...

•••

" အဆင်ပြေရဲ့လား ? "

ဆတ်ခနဲကောက်ထလိုက်သည့် သူ့ကိုကြည့်ရင်း ကျတော်စိတ်ပူသွားမိသည်။ သတိလစ်နေခဲ့သည့်တစ်လျှောက် အိပ်မက်ဆိုးများ မက်နေခဲ့များလား .. သူ၏ စံအိမ်တွင် ကပ်နေရသည့် ဧည့်သည့်သည်တစ်ယောက်ဖြစ်လင့်ကစား၊ ကျတော်လုပ်ပေးနိုင်သည်မှာ ဘာမှမရှိသည်ကို သိလင့်ကစား .. ထိုလူသားအား ကာကွယ်ပေးချင်သည့်စိတ်က ကျတော့်အား ရူးစေ၏။

" ဘယ်ကနေ ဘယ်လို .. "

" WonWoo-sshi ခံစားနေရသမျှကို ကျတော့်ကို အခု အားလုံးပြောပြပေးလို့ရမလားဟင် "

ကျတော် သူ၏ လက်ဖဝါးလှလှလေးအား အလောတကြီးဆုပ်ကိုင်ရင်း ပြောလိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Sep 24 ⏰

Add this story to your Library to get notified about new parts!

Die DimensionenWhere stories live. Discover now