Ch 1.1- Santuchuan

26 7 0
                                    

April လ လယ်မှာ အေးခဲသောဆောင်းရာသီ ကုန်ဆုံးပီးနောက် အပူချိန် မြင့်တက်လာတယ်။

Saturday,April 17

ဒီနေ့ရာသီဥတု အရမ်းကောင်းတယ်။

ညတုန်းက ပိန်းပိတ်အောင်ထူနေတဲ့ မြူတွေနဲ့ တိမ်တွေက နေပေါ်ထွက်လာခြင်းကို ပိတ်ဆို့နေတယ်။နေ့တစ်နေ့ အစပြုလာခဲ့ပြီ။
နံနက်ခင်း ၆ နာရီမှာ ဖန်ရှင်းချန်ဆိုတဲ့ မြို့လေးဟာ မြူတွေနဲ့ ဖုံးလွှမ်းနေတယ်။

မြို့ဟောင်းလေးရဲ့ လမ်းကြိုလမ်းကြိုမှာ သံတံခါးက ဖွင့်ဟလာပြီးတော့ အညိုရင့်​ရောင် အပေါ်ထပ်အကျိကို ဝတ်ဆင်ထားတဲ့လူတစ်ယောက်ဟာ ခရီးဆောင်အိတ်ကို ဆွဲပြီးတော့ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာတယ်။

ထိုလူရဲ့လှုပ်ရှားမှုတွေဟာ အခြားသူများကို မနှောင့်ယှက်ချင်သည့်ဟန် ပေါ့ပါးနေတယ်။

သူတံခါးကနေ လှည့်ထွက်တော့မယ်အချိန်မှာ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်ရဲ့အသံ ပေါ်ထွက်လာတယ် "မင်းအခုထွက်သွားတော့မှာလား"

အပေါ်ထပ်အကျဝတ်ထားတဲ့လူက ​လှည့်ကြည့်လိုက်တယ်။

ညအိပ်ဝတ်စုံဝတ်ထားတဲ့လူငယ်လေးဟာ
ဝင်ပေါက််မှထွက်လာပီတော့ ပါးစပ်ကိုအုပ်ကာ သမ်းဝေလိုက်တယ်။
ထိုလူငယ်လေးဟာ အသက်နှစ်ဆယ်စွန်းစွန်းသာရှိပီး အရပ်ရှည်တယ်၊ နှာတံမြင့်မြင့်လေးနဲ့ နှုတ်ခမ်းပါးသေးသေးလေးကို ပိုင်ဆိုင်ထားပီး သိမ့်မွေ့တဲ့ ရုပ်ရည်သွင်ပြင်ရှိတယ်။သူ့ရဲ့မျက်လုံးထောင့််လေးကလဲ အထက်သို့
မြင့်တက်နေတယ်။သူ့ရဲ့အသားရေက ကြွေကဲ့သို့ ဖြူဖွေးနေတယ်။ သူ့ရဲ့မျက်လုံးနဲ့ဆံပင်က သစ်အယ်သီးအရောင် သန်းနေတယ်။
လူတွေကသူ့ကိုကြည့်လ်ိုက်တာနဲ့ ကပြားဆိုပီး ထင်မြင်ချက်ပေးကြတယ်။

"ကောင်းပီလေ, အမြန်ဆုံးရထားက ၇:၁၅ မှာ ထွက်လိမ့်မယ်"

အပေါ်ဝတ်အကျိဝတ်ထားတဲ့အမျိုးသားက ခေါင်းညိတ်လိုက်တယ်။

"ခရီးလမ်းသာယာဖြောင့်ဖြူးပါစေ" လို့ လူငယ်လေးကပြောလိုက်ပီးတော့ လက်ကိုဝေ့ရမ်းလိုက်တယ်။

သည်းထိတ်ရင်ဖိုစကားဝိုင်းWhere stories live. Discover now