Ch 1.3 - Santuchuan

8 2 0
                                    

အခုချိန်မှာ ဝေ့ဖုရွမ်တစ်ယောက် ချွေးသီးသီးကျနေတယ်။ချွေးတွေက နဖူးကနေ သူ့ရဲ့အကျိကော်လာထဲသို့ မြုပ်ဝင်သွားတယ်။

ဝေ့ဖုရွမ်တစ်ယောက် အလွန်အမင်း စိတ်ပူပန်လာတယ်။သူအရှိန်ကို မြှင့်ပီးတော့ စတင်ပြေးတော့တယ်။

ဘာလို့များ ဒီလမ်းကြားထဲက ထွက်မရတာလဲ?

သူက ပြေးနေရင်း ဖုန်းကိုဖွင့်ကာ နေရာပြ appထဲ၌ တည်နေရာရှာရန်ကြိုးစားလိုက်သည်။

လမ်းအကွေ့ကိုရောက်တဲ့အချိန်မှာ သူ့အရှေ့ရှိ တံခါးက အသိမပေးဘဲ ပွင့်လာတော့တယ်။

"bang"

တံခါးက မမျှော်လင့်ပဲပွင့်လာတဲ့အခါ ဝေ့ဖုရွမ်တစ်ယောက် လန့်ဖြန့်ပီး ဘေးကိုရွေ့လိုက်တယ်။ပီးတော့ ထိုတံခါးရဲ့တည့်တည့်ကနေ ထွက်ပြေးချင်သော်လဲ သူ့ရဲ့နဖူးက မြေပြင်နဲ့မိတ်ဆက်သွားပီး အသံအနည်းငယ်ထွက်လာရတယ်။

သူ့ရဲ့နဖူးကို ကိုင်ရင်း ခေါင်းကိုမော့လိုက်သည်။

"မင်းဘိုးအေတွေကိုပဲ fuck..."

စကားကိုဆုံးအောင် မပြောနိုင်ခင်မှာ တံခါးနောက်က လူငယ်လေးရဲ့ခေါင်းက ပြူထွက်လာပီးတော့ သူ့ကို အံသြစွာ စိုက်ကြည့်နေတယ်။

တစ်စုံတစ်ယောက်ကတော့ သေချာပေါက်ပြောရလိမ့်မယ် ဒီလူငယ်လေးက သူ့အကြိုက်နဲ့ ​ကွက်တိပဲဆိုတာ။

ထိုလူငယ်လေးရဲ့အလှ က တိုင်းပြည်ပျက်လောက်တဲ့အထိဖြစ်တယ်။သူ့ရဲ့သွင်ပြင်က သိမ်မွေ့ပီး ထက်မြက်တယ်လို့ အဓိပ္ပါယ်ဖွင့်ရမယ်။သူ့ရဲ့သွယ်လျတဲ့ မျက်နှာလေးကို လူတိုင်းကိုအကြည့်မလွှဲနိုင်အောင် ဆွဲဆောင်လွန်းတယ်။သူ့ရဲ့နှင်းလိုဖြူဖွေးနေတဲ့ အသားရေ၊ အနည်းငယ် တောက်ပနေတဲ့ မျက်ဝန်းနဲ့ ဆံပင်ကြောင့် သူဟာ အဖြူရောင် ကျောက်ရိုင်းတုံးကနေ ထုဆစ်ထားတဲ့ ရုပ်သေးရုပ်လေးကဲ့သို့ ဖြစ်နေသည်။

ဝေ့ဖုရွမ် ဒီနေ့ ကြုံရတာတွေ များနေပီဖြစ်တယ်။တံခါးကြောင့် သူ့ရဲ့နဖူးက ဒဏ်ရာရသွားပီးတော့ သူ့ရဲ့တင်ပါးကလဲ ဆိုးဆိုးဝါးဝါးနာကျင်သွားရတယ်။သူ့ရဲ့စိတ်အခြေနေကကောင်းမနေသင့်ပေမဲ့ သူ့ကို ဒဏ်ရာရသွားစေတဲ့ ချောမောတဲ့လူငယ်လေးကြာင့် စိတ်တော့ ဆိုးမနေချေ။

You've reached the end of published parts.

⏰ Last updated: Oct 11 ⏰

Add this story to your Library to get notified about new parts!

သည်းထိတ်ရင်ဖိုစကားဝိုင်းWhere stories live. Discover now