Ch 1.2-Santuchuan

14 5 0
                                    

သူစိတ်တွေရှုပ်ထွေးနေတယ်လို့ ခံစားရတယ်။
ပီးတော့ စကားလုံးရှစ်လုံးကလဲ သူ့ရဲ့အကန့်သတ်ကိုရောက်နေပြီ။

အသက် ၂၁ နှစ်အရွယ် ေဝ့ဖုရွမ်က ဖန်ရှင်းချန်တက္ကသိုလ် စီးပွားရေးစီမံခန့်ခွဲမှု မေဂျာမှာ တက်ရောက်နေတဲ့ ဂျူနီယာကျောင်းသားတစ်ယောက် ဖြစ်တယ်။

သူက အရပ်ရှည်ပီးတော့ ဆွဲဆောင်မှုရှိတယ်။နှစ်တိုင်း ကရာတေးသင်တန်းမှာ တက်ရောက်လေ့ရှိတယ်။သူဟာ မည်သည့်အသွင်အပြင်နဲ့ဆို  လိုက်ဖက်မှုရှိတဲ့ ပရုိကျတဲ့မော်ဒယ် တစ်ယောက်ဖြစ်တယ်။ထူးချွန်တဲ့အဆင့်တွေနဲ့ ကောင်းမွန်တဲ့မိသားစုနောက်ခံလဲရှိတယ်။

သူ့ရဲ့အကြီးမားဆုံးဆုံးရှုံးမှုက မကြာသေးမီက ကျင်းပခဲ့တဲ့ ကရာတေးပြိုင်ပွဲညမှာ ပခုံးအဆစ်လွဲသွားခြင်းကြောင့် ရွှေဆု နှင့် လွဲချော်ခဲ့ရခြင်း ဖြစ်တယ်။

လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက သူ့အမေရဲ့ မွေးနေ့ပွဲ၌ ဖြစ်သည်။သူက ညစာစားပွဲမှာအနည်းသောက်ခဲ့တယ်။သူက အနည်းငယ်မူးနေတာကြောင့် လျှာချော်ကာ သူ့ရဲ့လိင်တိမ်းညွှတ်မှု ကို ဆွေမျိုးများအား ဖွင့်ဟမိလိုက်တယ်။

လူငယ်လေးဝေ့က ဗီရိုထဲမှ သတ္တိရှိရှိ ထွက်လာခဲ့သော်လည်း အခြေအနေတွေကတော့ ပြင်းထန်နေတယ်။

မားမားဝေ့က အရမ်းကို ထိတ်လန့်သွားပြီးတော့ မေ့လဲသွားတယ်။ပါးပါးဝေ့ကတော့ အရမ်းကိုစိတ်ဆိုးနေပြီး သူ့ကို စားသောက်ပွဲကနေ နှင်ထုတ်လိုက်တယ်။သူ့ရဲ့အသုံးစရိတ်အားလုံးကိုဖြတ်တောက်ကာ အိမ်ပေါ်က နှင်ချလိုက်သည်။

ခြောက်လကြာပီးတဲ့နောက်မှာ မုန့်သရေစာနဲ့ ပတ်သက်ပီး စိုးရိမ်ပူပန်မှု မရှိခဲ့တဲ့ ဝေ့ဖုရွမ်က နောက်ဆုံးတော့ အစားစာနဲ့ပတ်သက်၍ ပူပန်လာရပီဖြစ်သည်။

ဝေ့ဖုရွမ်ရဲ့ငွေကြေးက တဖြည်းဖြည်း နည်းပါးလာတယ်။ထပ်ခ်ိုးခန်းလေးအတွက် ပေးချေရန် ယွမ်၆၀၀၀တောင်မတက်နိုင်တော့ပေ။သူက နေ့ကျောင်းသားဖြစ်တဲ့အတွက် အဆောင်လဲမရှိပေ။ထို့ကြောင့် လမ်းဘေးကခုံတန်းပေါ်မှာ အိပ်ရလုဆဲဆဲဖစ်နေသည်။

သည်းထိတ်ရင်ဖိုစကားဝိုင်းWhere stories live. Discover now