"Yo....နှစ်ဝက်ရဲ့အထူးချွန်ဆုံးကျောင်းသားက Nizzi တဲဲ့"
"OMG!!...ငါက Benjaminဖြစ်မယ်ထင်ထားတာ"
"အေးလေ..Benjaminက Worthfordရဲ့ အတော်ဆုံးစံပြကျောင်းသားအဖြစ်သတ်မှတ်ခံထားရတာပဲကို"
"Benတော့စိတ်မကောင်းဖြစ်နေတော့မှာပဲ"
"Nizziကရုပ်လေးလှတာကလွဲရင် ဘာမှလည်းထူးထူးခြားခြားရှိမနေပဲနဲ့......."
"ပကာသနတွေပါလာရင်ရိုးသားမှုဆိုတာကြာရှည်မခံနိုင်ဘူးပဲ"
~
~
~
~
~
~Canteen ထဲကလူတချို့ရဲ့ဂရုဏာသက်စကားတချို့ကြောင့်Ben တိုးဖွဖွရယ်လိုက်မိသည်~
ဒီအဆင့်လောက်လေးနဲ့တော့ Benjamin တို့ကစိတ်ထဲထားမနေဘူး~
သူတော်တာသူအသိဆုံးမို့ သူ့စိတ်ထဲမှာသူနဲ့ထိုက်တန်တဲ့ပြိုင်ဖက်ဆိုတာမမွေးသေးဘူးလို့ခံယူထားသည်~~
ပြဿနာက Nizzi ဆိုတဲ့ မိန်းကလေး~~
စာသင်နှစ်အစကမှ ကျောင်းကိုပြောင်းလာခဲ့တာဖြစ်ပြီး စတွေ့ကတည်းကBenကိုပြိုင်ဖက်လိုသဘောထားပြီး တိုက်ခိုက်နေတဲ့သူ~~
ဆရာတွေအားလုံးရဲ့အချစ်တော်လည်းဖြစ်ပြီး ပညာရေးရော အားကစားမှာပါ အပြစ်ပြောစရာမလိုအောင်ထူးချွန်တဲ့Benက ရုပ်ရည်နဲ့ပတ်သက်ရင်လည်း ရာနှုန်းပြည့်စံချိန်တင်ရလောက်အောင် ချောမောလွန်းသူတစ်ယောက်ဖြစ်တာမို့တော်ရုံလူကBenကိုပြိုင်ဖက်မပြောနှင့် သာမန်သူငယ်ချင်းဖြစ်ဖို့တောင် မတွေးဝံ့လောက်အောင်အရှိန်အဝါကြီးမားသူဖြစ်သည်~~
Nizziကတော့ Worthfordရဲ့မြို့တော်ဝန်လောင်းသမီးဖြစ်တာနဲ့တင်Benကိုကျော်လွန်ပြီးအရာအားလုံးကိုပိုင်ဆိုင်နိုင်မယ်လို့ထင်နေပုံပင်~~
သူမရဲ့ချောမောလှပမှုတွေ မဖြစ်စလောက်အရည်အချင်းတွေက Worthfordတစ်မြို့လုံးကရွေးချယ်တဲ့ အထူးချွန်ဆုံးကျောင်းသားစာရင်းမှာ ပါနိုင်စရာအကြောင်းမရှိပေမဲ့ မြို့တော်ဝန်လောင်းရဲ့သမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် Benကဘေးရောက်သွားခဲ့တဲ့ပုံပါပဲ~~
"ဟက်......တစ်ခါလောက်ကစားကြည့်ကြမလား??"
°~°~°~°~°~°~°~°~°~°~°~°~°~°~°~