နှင်းဖွဲဖွဲကျနေတဲ့နံနက်ခင်းက စိမ့်နေအောင်အေးလှသည်~~
Benjaminက တက္ကသိုလ်နားက cafeမှာ espressoတစ်ခွက်နှင့် dark chocolate cake ကိုအရသာခံစားသောက်နေရင်း စူးရှတဲ့မျက်ဝန်းအစုံကတော့ တစ်စုံတစ်ယောက်ကိုရှာဖွေလျက်~
သူ့ရဲ့ 3 days love potion က တစ်ရက်အတွင်းအောင်အောင်မြင်မြင်ဖော်စပ်နိုင်ခဲ့ပြီးတော့ Evanက သူ့ရဲ့အောင်မြင်မှုကိုပထမဆုံးအသုံးချရမယ့် ပစ်မှတ်~~~
ဆိုင်ထဲဝင်လာတဲ့သူကိုမြင်တာနဲ့ ချက်ချင်းပဲအပြင်ကိုပြေးထွက်လိုက်တော့ သူမျှော်လင့်ထားတဲ့အတိုင်းကွက်တိ~~
"sorry နော် သေချာမကြည့်မိလိုက်လို့"
"ရပါတယ် ကိုယ့်အမှားလည်းပါတာပဲ"
ဒီလောက်ဆို အတော်လေးအခြေအနေကောင်းနေပြီ~~
"တောင်းပန်တဲ့အနေနဲ့ ဒီCoffeeကိုခင်ဗျားကိုလက်ဆောင်ပေးမယ်~ iced americano ကြိုက်တယ်မလား???"
မကြိုက်ဘူးလို့ငြင်းလို့မရဘူးလေ~Benjaminက အားလုံးကိုသေချာအကွက်ချစီစဥ်ထားပြီးသား...
Evanက မျက်မှောင်တချက်ကြုံ့သွားပေမဲ့ အားနာလို့လားမသိ coffeeကိုယူသောက်လိုက်သည်....
*ခင်ဗျား ဒါကိုသောက်ပြီး မြန်မြန်ကျွန်တော့်ကိုချစ်လာတော့ *
Evanရဲ့မျက်ဝန်းတွေပုံမှန်အညိုရောင်ကနေ ခရမ်းစွဲရောင်ကိုပြောင်းသွားတဲ့အချိန်မှာတော့ Benရဲ့မျက်နှာပေါ်မှာအပြုံးလှလှလေးတစ်ပွင့်ဖြစ်တည်လာခဲ့သည်~~
*Mission complete!!!!*
°~°~°~°~°~°~°~°~°~°~°~°~°~°~
"အား......ပျင်းစရာကောင်းလိုက်တာ~~"
Benက အဖွားရဲ့စာအုပ်တစ်အုပ်ကိုဖတ်နေရင်း ညနေခင်းရဲ့ခပ်ဖျော့ဖျော့နေရောင်ခြည်အောက်က ညှိုးနွမ်းနေပြီဖြစ်တဲ့ အလှပန်းအိုးကိုကြည့်ရင်းဆိုသည်~~
သူကသူ့ရဲ့ပျော်စရာလေးကိုစောင့်နေတာ~~
Evanကသူ့ကိုဘယ်အချိန်လာရှာမှာလဲ??
Love potion က စတင်ပြီး ၃နာရီကြာတာနဲ့ဆေးစွမ်းပြရမှာကို~~
ဒီလိုနဲ့ တစ်ရက်ကုန်သွားရင်ဘယ်လိုလုပ်မလဲ???