မနက်စောစောနိုးနေတဲ့Benက အဝတ်အစားတချို့နဲ့အသုံးအဆောင်ပစ္စည်းတွေကိုလက်ဆွဲအိတ်ထဲထည့်နေသည်~~
ဒီနေ့က ဒုတိယမြောက်နေ့~~
ပြီးတော့ ညနေကျရင် Evanနဲ့ Nizziရဲ့လူသိရှင်ကြားစေ့စပ်ကြောင်းလမ်းပွဲရှိတယ်~~
Benရဲ့ရည်ရွယ်ချက်က Nizziရဲ့စေ့စပ်ပွဲပျက်စီးသွားပြီး အရှက်ရစေချင်ရုံသက်
သက်သာဖြစ်သည်~သူကတကယ်ကိုမကောင်းတဲ့သူပဲ~~
Evanက အဲ့ပွဲကိုသွားနိုင်မှာမဟုတ်လို့စိုးရိမ်စရာမလိုပေမဲ့ Evanအဖေကတော့ ကျိန်းသေပေါက်Evanကိုလိုက်ရှာမှာ~~
"အွန်း.....Ben ဘာတွေလုပ်နေတာလဲ??"
အိပ်မှုန်စုံမွှားနဲ့နိုးလာတဲ့Evanက အလုပ်ရှုပ်နေတဲ့သူ့ကိုကြည့်ရင်းမေးသည်~~
"Evan....ကျွန်တော်တို့ ခရီးထွက်ရအောင်"
°~°~°~°~°~°~°~°~°~°~°~°~°~°~
"Ben က ဒီလိုမျိုး short trip တွေထွက်ရတာကြိုက်တာလား??"
"အင်း.....အဖွားရှိတုန်းကဆို ခဏခဏထွက်ဖြစ်တယ်..."
အခုသူတို့က Annonကိုသွားနေတဲ့ ရထားပေါ်မှာ....
Annonက Worthford နဲ့ဆို တစ်နာရီစာလောက်ပဲရထားစီးပြီးသွားရတဲ့မြို့ငယ်လေးဖြစ်ပြီး စခန်းချခရီးထွက်ချင်တဲ့သူတွေ အေးအေးဆေးဆေးအနားယူချင်တဲ့သူတွေအလာများကြသည်~~
ဘူတာကနေ နီးနီးနားနား တည်းခိုခန်းအသေးစားလေးတစ်ခုကို၂ရက်စာငှားလိုက်ပြီးအထုပ်တွေချကာ မြို့လေးထဲပတ်ဖို့ပြင်ဆင်ကြတော့သည်~~
မြို့လေးကသေးငယ်ပေမဲ့ချစ်စရာကောင်းတဲ့အိမ်သေးသေးလေးတွေနဲ့ပြည့်နှက်နေပြီး ကားအသွားအလာပင်သိပ်မရှိတာကြောင့် လေထုကလတ်ဆတ်သန့်ရှင်းနေသည်~~
"Benသိလား??? ကိုယ်လေ တစ်ခါမှဒီလိုမျိုးစိတ်လွတ်လက်လွတ်မပျော်ဖူးဘူး~~"
ဆောင်းတွင်းမို့ နှင်းဖွဲဖွဲကျနေပြီးEvanက Benရဲ့လက်ကိုတွဲလို့ လမ်းမပေါ်လျှောက်နေရင်းပြောသည်~~
ခရမ်းစွဲရောင်မျက်ဝန်းတွေက နဂိုထက်ပိုအရောင်တောက်နေသယောင်~~