4

198 19 2
                                    

Uni

ဂယူဘင်းစဉ်းစားခဲ့သလိုမျိုးပဲ။အခြေအနေတွေတိုက်ဆိုင်တာအရမ်းများနေတော့သူ့မယ်ယုံရခက်မယုံရခက်။

" ဂယူဘင်းနား စာရှင်းတာနားရောထောင်နေရဲ့လား "

" အာ....ဆောရီး ဆောရီး "

‌မျက်နှာချင်းဆိုင်ကနေချစ်ဖို့ကောင်းစွာပေစောင်းစောင်းလေးကြည့်လာတဲ့ရွေ့ရွေ့ကြောင့်အကြည့်တွေကိုရွေ့ရွေ့မျက်နှာကတစ်ဆင့်စာအုပ်ပေါ်ကျောက်ပြန်ချရင်းအတွေးတွေကိုရပ်ကာစာကြိုးစားဟန်ဆောင်ရတော့သည်။ဒီတစ်ခါလပတ်စာ‌မေးပွဲအတွက်အတန်းပိုင်ဆရာမစီစဉ်ပေးလိုက်တဲ့ဂယူဘင်းရဲ့စာကြည့်ဖော်က‌ချစ်စရာရွေ့ရွေ့လေးပင်။
ဂယူဘင်းမယ်အခုလိုအဖွဲ့ခွဲပေးလိုက်တဲ့အတန်းပိုင်ဆရာမပိုကျေးဇူးတင်မဆုံးဖြစ်ကာကော်ဖီတွေပင်နေ့တိုင်းဝယ်ပေးနေမိသည်အထိ။အတန်းထဲကကောင်မလေးတွေကတော့သူတို့မင်းသားလေးဘေးကဂယူဘင်းကိုသိပ်မကျေနပ်ပေ။မကျေနပ်လည်းမတတ်နိုင်၊ဂယူဘင်းတို့ကရွေ့ရွေ့အနားသာနေရမယ်ဆိုတစ်လောကလုံးနဲ့လည်းရန်သူဖြစ်ရဖြစ်ရ။

" ဂူဘင်း!! "

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးစိစိဖြစ်မိသွားတော့ရွေ့ရွေ့ရဲ့မကျေမနပ်အသံပိစိလေးကထွက်လာသည်။ဂယူဘင်းရဲ့နှလုံးသားလေးကလည်းရွေ့ရွေ့သူ့နာမည်ကိုမပီတပီခေါ်လိုက်တိုင်ပိုပိုပြီးအရည်တွေပျော်လာရသည်။

" ရွေ့ရွေ့ စာဆက်တိုက်ကြည့်တာခေါင်းကိုက်နေဦးမယ် ဒီမှာ စောနကဝယ်လာတဲ့စတော်ဘယ်ရီသီးလေးတွေ အေးတုန်းစားလိုက်နော် ငါဒီပုဒ်စာပြန်တွက်ကြည့်မလို့ "

မျက်စောင်းလေးတထိုးထိုးနဲ့ကျွေးတဲ့မုန့်တော့မငြင်းပဲစားနေသည်။ဂယူဘင်းလည်းတစ်သက်လုံးလှည့်မကြည့်ခဲ့တဲ့စာတွေကိုအခုမှကြိုးစားပမ်းစားတွက်နေတော့သည်။ရွေ့ရွေ့လေးကိုယ်တိုင်အပင်ပန်းခံပြီးစာကူကြည့်ပေးနေတာ၊သူအဆင့်မတက်လို့တော့မဖြစ်ပါချေ။

" ‌ကောင်းကင်ကြီးပြိုကျလာတော့မယ့် နိမိတ်တွေပါလား "

ဘုန်* " အ!နာတယ်ဟ "

အခန်းထဲဝင်လာလာချင်းစာလုပ်နေတဲ့သူ့ကိုကြည့်ကာလာရွဲ့နေသည့်ဂွန်းဝုအားဘေးကရှိနေတဲ့မေးခွန်းဟောင်းစာအုပ်နဲ့ကောက်ထုလိုက်တော့အော်သံခပ်ကြယ်ကြယ်ကထွက်လာသည်။

MELTING FOR UWhere stories live. Discover now