(unicode)
တိတ်ဆိတ်မှုတွေတိုးပွားနေပြီး မီးရောင်ခပ်မှိုန်မှိုန်သာရှိတဲ့ အခန်းငယ်အတွင်း TVမှထွက်ပေါ်လာတဲ့ အသံခပ်တိုးတိုးကသာစိုးမိုးလို့နေတယ်။ ဧည့်ခန်းဘေးရှိ ထမင်းစားပွဲဝိုင်းအထက်မှာ ပုံမှန်အတိုင်းရှိနေသည့် ကိတ်မုန့်ခပ်ကြီးကြီးတစ်ခုလဲရှိပေသည်။ သို့ပေမဲ့ သေချာကြည့်လျှင် ထိုကိတ်မုန့်မှာ ဖယောင်းတိုင်တစ်တိုင်ကုန်တိုင်း အထပ်ထပ်အခါခါထွန်းညှိထားရသကဲ့သို့ အထီးကျန်ဆန်နေလို့နေသည်။ အချိန်သည်ကား ည ၁၂နာရီကျော်လို့နေလေပြီ။
ဝင်လာသူမဲ့ ကျင်းပမည့်သူမရှိသည့် ထိုမွေးနေ့ကိတ်အား
မျှော်လင့်ချက်လက်ကျန်ဖြင့် ညှိုးငယ်စွာကြည့်ရင်း
မရေတွက်နိုင်တော့တဲ့ လေပူတွေသာမှုတ်ထုပ်မိသည်။
ဘယ်နေရာကနေ စမှားခဲ့ကြတာလဲ။တိတ်ဆိတ်စွာ silent လုပ်ထားတဲ့ဖုန်းမျက်နှာပြင်ဟာ
မီးတစ်ချက်လင်းသွားခဲ့ပြီး ချက်ချင်းပြန်မှိုတ်ကျသွားသည်။
ထင်ထားသလိုဖြစ်နေမယ်မှန်းသိပေမဲ့ လက်မခံချင်သေးပဲ
သူလာမယ်လို့ ရူးမိုက်စွာယုံကြည်နေရင်း မျှော်လင့်ချက်အနည်းငယ်ဖြင့် ဖွင့်ကြည့်မိသည်။".... ငါကိုက မျှော်လင့်မိနေတာပဲ"
အချိန်အကြာကြီးမလှုပ်မရပ်ထိုင်နေရင်းမှ တိုးတိတ်စွာထွက်လာတဲ့
စကားသံဟာ စိတ်မချမ်းမြေ့စရာလေထုတို့အားပေးစွမ်းသည်။
ဖုန်းမျက်နှာပြင်တစ်ဖန်ပြန်ပိတ်လို့သွားသည်အထိ ဒီတိုင်းထိုင်နေမိရင်း မျက်လုံးတစ်စုံဟာလဲ ထိန်းထားရတဲ့မျက်ရည်ပူတို့ပြည့်လျှံလာလေပြီ။ထိုဖုန်းအတွင်းမှဝင်လာတဲ့စာတစ်စောင်ဟာ သူစောင့်နေရတဲ့တစ်ယောက်ထဲသောသူစီမှစာဖြစ်ပေမဲ့ သူ့မျှော်လင့်ချက်များကိုအထပ်ထပ်အခါခါရိုက်ချိုးမည့် စာဖြစ်နေလေသည်။
"ကျွန်တော် မလာနိုင်တော့ဘူး ကော"
ဆိုတဲ့လိုရင်းကိုပဲဖြေထားသည့်စာတစ်စောင်။ကျူးကျစ်ရှင်းပြုံးသာပြုံးနေခဲ့သည် သို့သော်ထိုအပြုံးဟာ
ပျော်ရွှင်လွန်း၍မဟုတ်ပဲ နာကျင်မှုအလုံးစုံကို ဖုံးအုပ်ရုံမျှ
အပြုံးဖွဖွသာဖြစ်သည်။ သို့သော် ရှိုက်သံတစ်စွန်းတစ်စကတော့
ထွက်ပေါ်နေသလို အောက်သို့မျက်လွှာချထားသော မျက်ဝန်းများမှလဲ မျက်ရည်မကျမိအောင် အားတင်းကာထိန်းထားလို့နေသည်။
လှုပ်ချင်စိတ်မရှိတော့အောင် ပင်ပန်းနေပြီ။ ထိုသူဟာ နည်းနည်းလေးမှမလှည့်ကြည့်ခဲ့ပါ။
YOU ARE READING
"HOLD ME TIGHT OR DON'T"
Fanfiction"အတ္တဆန်တဲ့ချစ်ခြင်းမီးပွားတွေတစ်စတစ်စ တိုးပွားလာရင်း အဆုံးမှာ ငြိမ်းသတ်မရတဲ့မီးတောင်တစ်ခုကိုဖြစ်ပေါ်စေတယ်" [Zhang Ji × Zhu ZhiXin]