EP - 2

76 16 0
                                    

(unicode)

မီးဖိုချောင်အတွင်းမှ မွှေးကျိုင်သည့်အနံ့မျိုးစုံထွက်လို့လာသည်
အဖြူရောင် ကျောင်းယူနီဖောင်းလက်ရှည်အားအနည်းငယ်ခေါက်တင်ထားကာ ပါစတာကိုအာရုံစိုက်ချက်ပြုတ်နေသည့်ကောင်ငယ်လေးမှာ မိန်းကလေးတိုင်းရဲ့စိတ်ကူးယဥ်အမျိုးသားပုံစံဖြစ်နေမှာအသေအချာပင်။

အလှကြွေပန်းကန်တစ်လုံးထဲသို့ ချက်ပြုတ်ထားသောပါစတာအားထည့်ကာ စားပွဲခုံရှိရာဘက်သို့ယူဆောင်ပေးလာသည်။ သို့သော်
ထိုင်ခုံပေါ်က အဖြူရောင်အရိပ်သေးသေးလေးကတော့ ထိုနေရာတွင်ရှိမနေတော့ပေ။ ကိုင်ထားတဲ့ ပန်းကန်အား စားပွဲပေါ်သို့အသာချထားရင်း ဧည့်ခန်းအတွင်းအခုထိမပိတ်ရသေးသော TV အားတိုးတိုးတိတ်တိတ်သွားပိတ်လိုက်သည်။ အသန့်အရမ်းကြိုက်တဲ့ ကျူးကျစ်ရှင်းကတော့ယခုအချိန်မှာ ရေချိုးခန်းဝင်ပြီးမျက်နှာသစ်
နေလောက်မည်ဖြစ်သောကြောင့် ကျန်းကျိမှာကျောင်းစာတွေလုပ်ရင်း ထိုင်စောင့်နေရုံသာ။

စာပြီးဖို့ ၂မျက်နှာအလို​လောက်ရောက်သည်အထိ ကျူးကျစ်ရှင်းကရောက်မလာခဲ့သေးပေ။ အလိုမကျသလို မျက်ခုံးနက်နက်များတွန့်ချိုး၍ ကိုင်ထားတဲ့ဘောပင်အားချကာရေချိုးခန်းရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်။

ရေချိုးခန်းတံခါးအားအသာပြန်ပိတ်ပြီးဝင်လာရင်ပဲ မျက်နှာသစ်ဘေစင်မှာ တစ်ခုခုကိုအတွေးလွန်ပြီးမလှုပ်မယှက်ဖြင့်မတ်တပ်ရပ်နေသည့် ကျူးကျစ်အားတွေ့ရပေမည်။ လက်ထဲက သွားတိုက်တံဟာလဲနေရာမရွေ့သေးပေ။

" ကော ဘာလုပ်နေတာလဲ "
ကျန်းကျိအသံဟာပုံမှန်အနေအထားပေမဲ့ တိတ်ဆိတ်နေတဲ့ရေချိုးခန်းလေထုကြောင့်ပုံမှန်ထပ်ပိုကျယ်နေသလိုပင်။ အတွေးလွန်နေတဲ့ကျူးကျစ်ရှင်းဟာလဲ ကျန်းကျိအသံကြောင့်တစ်ချက်တုန်တက်သွားပြီး ကျန်းကျိအားတစ်ချက်ကြည့်ကာ ညဥ်းညူရင်း

" လန့်သေတော့မှာပဲ "

" ကျွန်တော် ကောကိုစောင့်​နေတာကြာပြီ
ကောကရောက်မလာသေးလို့လေ "
ဖြူစင်တဲ့ကလေးတစ်ယောက်လိုပုံစံဖြင့် အူကြောင်ကြောင်လေးပြောရင်း ကျူးကျစ်ရှင်းအနောက်ဘက်သို့လျှောက်လာရင်း နီးနီးကပ်ကပ်ဖြင့်မတ်တပ်ရပ်လိုက်သည်။

"HOLD ME TIGHT OR DON'T"Where stories live. Discover now