EP-1

128 16 2
                                    

(unicode)

တိတ်ဆိတ်မှုတွေတိုးပွားနေပြီး မီးရောင်ခပ်မှိုန်မှိုန်သာရှိတဲ့ အခန်းငယ်အတွင်း TVမှထွက်ပေါ်လာတဲ့ အသံခပ်တိုးတိုးကသာစိုးမိုးလို့နေတယ်။ ဧည့်ခန်းဘေးရှိ ထမင်းစားပွဲဝိုင်းအထက်မှာ ပုံမှန်အတိုင်းရှိနေသည့် ကိတ်မုန့်ခပ်ကြီးကြီးတစ်ခုလဲရှိပေသည်။ သို့ပေမဲ့ သေချာကြည့်လျှင် ထိုကိတ်မုန့်မှာ ဖယောင်းတိုင်တစ်တိုင်ကုန်တိုင်း အထပ်ထပ်အခါခါထွန်းညှိထားရသကဲ့သို့ အထီးကျန်ဆန်နေလို့နေသည်။ အချိန်သည်ကား ည ၁၂နာရီကျော်လို့နေလေပြီ။

ဝင်လာသူမဲ့ ကျင်းပမည့်သူမရှိသည့် ထိုမွေးနေ့ကိတ်အား
မျှော်လင့်ချက်လက်ကျန်ဖြင့် ညှိုးငယ်စွာကြည့်ရင်း
မရေတွက်နိုင်တော့တဲ့ လေပူတွေသာမှုတ်ထုပ်မိသည်။
ဘယ်နေရာကနေ စမှားခဲ့ကြတာလဲ။

တိတ်ဆိတ်စွာ silent လုပ်ထားတဲ့ဖုန်းမျက်နှာပြင်ဟာ
မီးတစ်ချက်လင်းသွားခဲ့ပြီး ချက်ချင်းပြန်မှိုတ်ကျသွားသည်။
ထင်ထားသလိုဖြစ်နေမယ်မှန်းသိပေမဲ့ လက်မခံချင်သေးပဲ
သူလာမယ်လို့ ရူးမိုက်စွာယုံကြည်နေရင်း မျှော်လင့်ချက်အနည်းငယ်ဖြင့် ဖွင့်ကြည့်မိသည်။

".... ငါကိုက မျှော်လင့်မိနေတာပဲ"
အချိန်အကြာကြီးမလှုပ်မရပ်ထိုင်နေရင်းမှ တိုးတိတ်စွာထွက်လာတဲ့
စကားသံဟာ စိတ်မချမ်းမြေ့စရာလေထုတို့အားပေးစွမ်းသည်။
ဖုန်းမျက်နှာပြင်တစ်ဖန်ပြန်ပိတ်လို့သွားသည်အထိ ဒီတိုင်းထိုင်နေမိရင်း မျက်လုံးတစ်စုံဟာလဲ ထိန်းထားရတဲ့မျက်ရည်ပူတို့ပြည့်လျှံလာလေပြီ။

ထိုဖုန်းအတွင်းမှဝင်လာတဲ့စာတစ်စောင်ဟာ သူစောင့်နေရတဲ့တစ်ယောက်ထဲသောသူစီမှစာဖြစ်ပေမဲ့ သူ့မျှော်လင့်ချက်များကိုအထပ်ထပ်အခါခါရိုက်ချိုးမည့် စာဖြစ်နေလေသည်။
"ကျွန်တော် မလာနိုင်တော့ဘူး ကော"
ဆိုတဲ့လိုရင်းကိုပဲဖြေထားသည့်စာတစ်စောင်။

ကျူးကျစ်ရှင်းပြုံးသာပြုံးနေခဲ့သည် သို့သော်ထိုအပြုံးဟာ
ပျော်ရွှင်လွန်း၍မဟုတ်ပဲ နာကျင်မှုအလုံးစုံကို ဖုံးအုပ်ရုံမျှ
အပြုံးဖွဖွသာဖြစ်သည်။ သို့သော် ရှိုက်သံတစ်စွန်းတစ်စကတော့
ထွက်ပေါ်နေသလို အောက်သို့မျက်လွှာချထားသော မျက်ဝန်းများမှလဲ မျက်ရည်မကျမိအောင် အားတင်းကာထိန်းထားလို့နေသည်။
လှုပ်ချင်စိတ်မရှိတော့အောင် ပင်ပန်းနေပြီ။ ထိုသူဟာ နည်းနည်းလေးမှမလှည့်ကြည့်ခဲ့ပါ။

"HOLD ME TIGHT OR DON'T"Where stories live. Discover now