unicode
အနည်းငယ်ရှေးဆန်သည့်အိမ်တော်အတွင်းမှ ဂီတသံတိုးတိုးဟာပြန့်လွင့်လျှက်။ များစွာမကျယ်ဝန်းလှသော်လည်း သေးငယ်သည့်အိမ်တော်မျိုးလဲမဟုတ်ပေ။ အိမ်တော်အပေါ်ဆုံးထပ်ရှိ အခန်းငယ်အတွင်း အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ယောက်ဟာအနီရောင်ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်း သူမလက်ထဲမှကော်ဖီအားဇွန်းဖြင့်မွှေနေလေသည်။ ထို့အတူ သူမအရှေ့မှခပ်ငယ်ငယ်ကောင်လေးအား
"မင်းတကယ်ပဲသူတို့ကိုခွင့်လွှတ်နိုင်တာလား"
ကော်ဖီအားမွှေရင်း ပုံမှန်လေသံဖြင့်အေးဆေးစွာမေးလေသည်။
သို့သော် ကောင်ငယ်လေးစီမှအဖြေစကားမရ။ ထိုအမျိုးသမီးဟာ
မွှေနေရင်းလက်စ ကော်ဖီခွက်အားစားပွဲပေါ်သို့အသာချလိုက်ပြီး ကိုယ်နေဟန်ထားပြောင်း၍ အရှေ့မှကောင်ငယ်လေးအားဆက်ပြီး
ပြောလေသည်။"မင်းငယ်ငယ်ထဲက ငါ့လက်ထဲမှာပဲကြီးပြင်းလာခဲ့တာပါ
မင်းအမေနဲ့နေခဲ့ရတဲ့အချိန်ထပ် ငါနဲ့နေရတဲ့အချိန်ကပိုများခဲ့တာပဲမဟုတ်လား...""....."
"အခုမင်းစိတ်ထဲဘာတွေးနေလဲဆိုတာ အဒေါ်ကိုယ်တိုင်ခံစားမိပါတယ် ဒါပေမဲ့သံယောဇဥ်ဆိုတာမတွယ်သင့်တဲ့သူကိုတွယ်လို့မရဘူး"
ပုံမှန်အတိုင်းထိုင်နေတဲ့ကောင်ငယ်လေးစီမှ ကျောအနည်းငယ်မတ်လာသည်။ သေချာစိုက်ကြည့်နေမည့်သူဆိုလျှင် ထိုနောက်ဆုံးစကားကြောင့် ကောင်ငယ်လေးစီမှပူပန်မှုအငွေ့အသက်တို့ကိုခံစားမိမည်ဖြစ်သည်။
"ကျွန်တော်မသိဘူး ကျွန်တော်သူတို့ကိုခွင့်လွှတ်နိုင်ရဲ့လားဆိုတာကို
ကျွန်တော်သေချာမသိဘူး"အမျိုးသမီးဟာအတန်ကြာသည်အထိ စကားဆက်မလာသေးပဲ
ေကာင်ငယ်လေးအားကြည့်လို့နေသည်။ ထို့နောက် သူမဘေးဘက်ရှိ စားပွဲခုံပေါ်မှာတင်ထားသည့် ဗူးငယ်တစ်ခုအားယူ၍ ကောင်လေးရှေ့သို့တိုးပေးလိုက်လေသည်။"၁၇နှစ်ပြည့်မွေးနေ့အတွက်ဂုဏ်ပြုပါတယ်
ဒါကမင်းအမေနောက်ဆုံးအချိန်ထိတယုတယသိမ်းခဲ့တဲ့
ပစ္စည်းပဲ။ အခုပိုင်ရှင်မရှိတော့ပေမဲ့ မင်းအမေအစားမင်းပဲဆက်ထိန်းသိမ်းလိုက်ပါ"
YOU ARE READING
"HOLD ME TIGHT OR DON'T"
Fanfiction"အတ္တဆန်တဲ့ချစ်ခြင်းမီးပွားတွေတစ်စတစ်စ တိုးပွားလာရင်း အဆုံးမှာ ငြိမ်းသတ်မရတဲ့မီးတောင်တစ်ခုကိုဖြစ်ပေါ်စေတယ်" [Zhang Ji × Zhu ZhiXin]