Episode 11

148 10 0
                                    

‌ပြတင်းပေါက်ကတစ်ဆင့် ဖြာကျနေသည့်မနက်ခင်းနေရောင်ခြည်က မျက်နှာပေါ်ကျလာချိန် ရှောင်ကျန့်နိုးလာမိသည်။မိမိကို နောက်ကနေဖက်အိပ်နေသော ရိပေါ်မနိုးစေရန် အသာအယာ အိပ်ရာပေါ်မှထရန်အလုပ် လက်တစ်ဖက်ကတင်းခနဲဖြစ်သွားကာ အိပ်ယာပေါ်သို့ပြန်ကျသွားရသည်

"ဒီနေ့ ကျောင်းပိတ်တယ်လေ ကိုကို"

"ထရအောင်လေ ရိပေါ်"

"ဒီလိုလေး ခဏလောက်ဆက်နေကြရအောင်"

ရိပေါ်နောက်ကနေမြင်ရသော ကိုကို့လည်ပင်းအနောက်ကို အနမ်းများပေးမိသည်။

"ရိပေါ် "
ဟန့်တားသည့်သဘောဖြင့် နာမည်ခေါ်လိုက်သော်လည်း ရိပေ့ါ်အနမ်းတွေက ရပ်မသွား

"ကျွန်တော် ဒီလိုနေ့မျိုးကို ဘယ်လောက်တောင်စောင့်ခဲ့ရလဲ ကိုကို သိလား"

"ကိုကို မပြတ်သားခဲ့လို့ ရိပေ့ါ်ကိုခံစား‌စေခဲ့ရတာတွေအတွက် ကိုကို တောင်းပန်ပါတယ်"

"လျော်ကြေးအနေဲ့ ကျွန်တော့်ကိုများများချစ်ပေးပေါ့"

ရှောင်ကျန့် နဖူးပေါ်သို့ကျရောက်လာသော အနမ်းတစ်ပွင့်

"ဒီနေ့ ကျွန်တော်တို့ ဘယ်လိုအချိန်ဖြုန်းကြမလဲ"

"ကိုကို ရိပေ့ါ်ပုံတူဆွဲချင်တယ်။ကိုကို ရှန်ဟိုင်းမှာ ရှိတုန်းက ဆွဲဖို့ ကြိုးစားခဲ့ပေမယ့် ရိပေ့ါ်မျက်လုံးတွေကို အလွတ်မရတော့ ဆွဲလို့မရခဲ့ဘူး"

"အခု ကျွန်တော့်မျက်လုံးတွေကို အလွတ်ရအောင် သေချာစိုက်ကြည့်လေ"

ရှောင်ကျန့် ရိပေ့ါ်ကိုထိုင်ခိုင်းကာ ပုံတူဆွဲနေမိသည်စည်မှာ တစ်နာရီကျော်ကြာနေပြီဖြစ်သည်

"ရပြီ ရိပေါ် ကိုကိုဆွဲလို့ပြီးပြီ"

"ကျွန်တော့်ရဲ့ပုံကို ကျွန်တော်ကိုယ်တိုင်တောင်မမှတ်မိတော့သလိုပဲ။ကိုကို ဆွဲထားတဲ့ပုံကပိုပြည့်စုံနေသလိုပဲ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုကိုက လက်တွေ့ဘ၀မှာရှိတဲ့
ရိပေါ်ကိုဆွဲထားတာလေ။ရိပေါ်က ကိုယ့်ကိုယ်ကို ဒီပုံထဲကလောက် မပြည့်စုံဘူးထင်နေတာလား"

Don't Leave MeWhere stories live. Discover now