အပိုင်း ( ၄၆၅) ကြီးမြတ်လှတဲ့သခင်လေးက ဗိုက်အောင့်တယ်လို့ ပြောနေတယ်....

452 42 1
                                    

အပိုင်း ( ၄၆၅) ကြီးမြတ်လှတဲ့သခင်လေးက ဗိုက်အောင့်တယ်လို့ ပြောနေတယ်....

ထိုသူဌေးများသည် လက်မခံဘဲ နေမည်မဟုတ်ပေ ထို့ကြောင့် သူတို့သည် ချင်မော့ကို အိမ်တွင် ကောင်းကောင်းအနားယူရန် ယဥ်ကျေးစွာအကြံပြုလိုက်ကြလေသည်။

သို့သော် သူတို့၏စိတ်ထဲတွင်တော့ ချင်မော့၏ပုံမှန်ပုံစံမဟုတ်ကြောင်း ရေရွတ်နေမိလေသည်။

တကယ်တော့ သူက အရမ်းလဲမမူးသေးပါဘူး။ ပြီးတော့ တစ်ပုလင်းထဲနဲ့ မူးတတ်တဲ့သူမျိုးလဲ မဟုတ်ဘူးလေ။

ဒီနေ့ကျမှ တစ်ခွက်လောက်သောက်ပြီး ဗိုက်အောင့်တယ်လို့ ဘယ်လိုများ ပြောနိုင်ရတာလဲ။

အိမ်မှာ ကိစ္စတစ်ခုခုပေါ်လာလို့ ဆင်ခြေပေးတာဖြစ်မှာပါ။

ဒါပေမဲ့ သူဌေးချင်က ဘယ်တုန်းကမှ ဆင်ခြေမသုံးတတ်တဲ့သူပဲ။

ပုံမှန်ဆိုရင် ဆွေးနွေးတာ သဘောတူညီမှုရတာနဲ့ ပြန်သွားတတ်တာပဲ။ သူက အမြဲလိုလို ချောမော ထည်ဝါမှုတွေနဲ့ အခြေအနေကို ဖိနှိပ်ထားတတ်တဲ့သူလေ။

သူတို့က သူဌေးချင်ထက် အသက်ကြီးတယ်ဆိုပေမဲ့ သူတို့ရပ်တည်မှုအဆင့်က သူနဲ့ နှိုင်းယှဥ်လို့မရလေဘူး။

ထို့ကြောင့်ပင် သည်နေ့ ချင်မော့၏အပြုအမူများကို မြင်လိုက်ရပြီးနောက် သည်သူဌေးများသည် အကြည်းချင်းဖလှယ်လိုက်ကြပြီး အချင်းချင်း၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုများကို တွေ့လိုက်ရလေသည်။

နှစ်ယောက်သားသည် ကားမောင်း ပြန်မလာကြချေ။

ဖူကျို့သည် သည်နှစ်ကုန်မှ ၁၈နှစ်ပြည့်မည်ဖြစ်ရာ သူမတွင် ယာဥ်မောင်းလိုင်စင်တစ်ခုပင် မရှိချေ။

ယခုတွင်တော့ သူမသည် မိုက်ခရိုကားလေးတစ်စီး လိုချင်စိတ်ဖြစ်နေမိ၏။

နောက်ကျရင် တစ်စီးလောက်တော့ ဝယ်အုံးမှပါ။

ဆောင်းတွင်းမှာဆို မိုက်ခရိုကားလေးက ပိုပြီးနွေးလိမ့်မယ်။

စကိတ်ဘုတ်စီးကလည်း အဆင်ပြေတယ်ဆိုပေမဲ့ ကြီးမြတ်လှတဲ့သခင်လေးနဲ့ အခုလိုအချိန်မျိုး ဖြစ်လာရင် အဆင်မပြေတော့လေဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ (Book 3)Where stories live. Discover now