"Zerose!!!!.....ဘယ်အချိန်ပြီးမှာလဲ။ငါညောင်းနေပြီ..."
ပန်းချီကားချပ်တွေနဲ့ပြည့်နှက်နေသောသန့်ရှင်းသပ်ရပ်တဲ့အခန်းကျယ်ကြီးရှေ့တွင်ရပ်နေသောကောင်လေးတစ်ယောက်။ချစ်စရာမျက်နှာလေးဟာစိတ်တိုနေသောအသွင်ဆောင်နေသောလည်းကောင်လေးရဲ့မျက်နှာချင်းဆိုင်နေရာမှသူ၏အစ်မကတော့ဆွဲလက်စပန်းချီကိုသာအာရုံစိုက်လျက်။
ထိုကဲ့သို့ယုန်ပေါက်လေးနဲ့တူတဲ့ကောင်လေးနာမည်ကတော့Han Yujin။အရွယ်မတိုင်ခင်ဖုန်းအကြည့်လွန်၍မျက်မှန်တပ်ခဲ့ရတဲ့မှန်ကြောင်လေးပေါ့။
သူအခုဒေါသထွက်နေရတာကသူ့ကိုစနှိုးဝှိုက်မင်းသမီးဝတ်စုံကိုဝတ်ပေးပြီးပန်းသီးတစ်လုံးကိုင်ခိုင်းစေ၍ကြည့်ပြီးပန်းချီဆွဲနေသောအစ်မဖြစ်သူကြောင့်သာ...။
ဒေါသထွက်လည်းထွက်ချင်စရာကောင်းပါတယ်။ဘာလို့ဆိုNoonaပန်းချီဆွဲနေချိန်က၁နာရီကတည်းကစတာခုဆို၃နာရီခွဲတော့မယ်။ပန်းချီကခုထိမပြီးသေးပဲသနေတာလေ....။မိန်းကလေးဝတ်စုံကြီးနဲ့၂နာရီကျော်ကြာအောင်ရပ်နေရတဲ့Yujinကိုမှအားမနာရှာမကျွေးပဲသူလုပ်ချင်ရာလုပ်နေတဲ့Zerose Hanပါလေ။
ဘယ့်နှယ်....။Yujinမှာတော့TVကြည့်နေရင်းတန်းလန်းပန်းချီကားချပ်လှလှလေးလက်ဆောင်ပေးမယ်ဆိုလို့သူ့မမကိုယုံစားပြီးလိုက်လာလိုက်ရတာ..။ခုကျတော့ခေါင်းပေါ်ကကလေးကလားဖဲပြားနီနဲ့စနှိုးဝှိုက်ဘဝကိုနေ့ချင်းညချင်းကူးပြောင်းသွားရတာကိုကရင်နာစရာကြီး။
"Noonaaaa"
အော်ဟစ်ပြောဆိုလို့မရတော့တဲ့အဆုံးချွဲနွဲ့နွဲ့အသံလေးနဲ့သူ့မမကိုလှမ်းခေါ်ရတော့တယ်။လွတ်ချင်မှတော့လုပ်စရာရှိတာလုပ်ရမှာပဲ....။
"အေးပါအေးပါ....ခနလေးပဲနော်။ပြီးတော့မှာအိုက်ဂူးးးငါ့မောင်လေးပင်ပန်းနေတာမမသိပါတယ်"
*ဒါမဲ့စနှိုးဝှိုက်ဝတ်စုံလေးနဲ့သိပ်ချစ်စရာကောင်းတာကင့ါမောင်လေးပဲဖြစ်တော့ဘယ်တတ်နိုင်ပါ့မလဲ....*
နောက်ဆက်တွဲစကားတွေကိုတော့Zeroseရင်ထဲမှပဲမြိုချလိုက်ပါတယ်။သူ့မောင်လေးကအဲ့လိုစကားတွေမှမကြိုက်ဘဲလေ...။
YOU ARE READING
𝐎𝐛𝐬𝐞𝐬𝐬𝐢𝐨𝐧 𝐖𝐢𝐭𝐡 𝐀 𝐁𝐨𝐲 || 𝐘υ𝗋𝗂ƶ ||
Fanfiction•┈ဆိုးသွမ်းပြီးဘသူ့မှမနိုင်တဲ့Shen Rickyတစ်ယောက်ဘာမဟုတ်တဲ့မှန်ကြောင်ကောင်လေးအပေါ်စွဲလန်းသွားမိမယ်လို့တကယ်မထင်ထားဘူး┈•