2💕

125 10 0
                                    

"အီးးးးဟီးးးးးးငါ့ကိုကယ်ပါအုံးအိုလီရယ်လုပ်ပါအုံး"

"ဟေ့ကောင်...အော်ငိုမနေနဲ့အုံး...တိတ်တိတ်။ဘေးကသူတွေအနှောင့်အယှက်ဖြစ်တယ်လေ"

"မသိဘူး...မသိဘူး....အီးးးဟီးးးးအီးးးးး"

တကယ်ငိုနေတာမဟုတ်ဘဲမရှိရှိတဲ့မျက်ရည်ကိုအတင်းညှစ်ထုတ်ကာဖင်ကုန်းအော်နေသောYujin ကိုဘယ်သူမှသနားနေမည်မဟုတ်။ယခုလောလောဆယ်တွင်လမ်းဘေးဆိုဂျူဆိုင်ထဲမှာရှိတဲ့သူတွေအကုန်နားငြီးပြီးတစ်ယောက်‌တစ်ဆထထပြန်နေကြပြီ။ဆိုင်ရှင်အဒေါ်ကြီးကလည်းသူ့ဆိုင်ကသူတွေတမင်ပြန်နေမှန်းသိ၍တရားခံဝိုင်းဖြစ်တဲ့Ollieတို့ဘက်ကိုနဂါးမျက်စောင်းတွေတစ်ချက်တစ်ချက်လွှတ်ထုတ်နေသည်။

Ollieဆိုသည်မှာYujin၏လက်ရှိအရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီးYujinနဲ့သာအနေများသူဖြစ်သည်။
လွန်ခဲ့တဲ့နှစ်လလောက်မှာတင်Ollieတစ်ယောက်မိဘရှိရာဘူဆန်သို့ပြောင်းရွေ့ခဲ့ရသောကြောင့်Yujinနဲ့ကွဲသွားပြီးဆိုးလ်ကိုအားတဲ့အချိန်တစ်ခါတစ်ရံများတွင်သာYujinဆီအလည်လာသည်။ယခုအလည်လာချိန်မှာတော့Yujinသူကျောင်းပြောင်းရတော့မည့်အကြောင်းကိုOllieနဲ့ချိန်း၍ငိုချင်းချနေခြင်းဖြစ်၏။Ollieလည်းYujin Appaအကြောင်းသိသူမို့သူဘာမှလည်းမတတ်နိုင်ခဲ့ပေ။ထို့ကြောင့်ယခုလိုရေချိန်ကိုက်၍အသိစိတ်မရှိတော့သောသူငယ်ချင်းလေးအားနှစ်သိမ့်ပေးနေခြင်းဖြစ်သည်။

"ယူဂျင်းပြန်ရအောင်လား..။ငါတို့အခြေအနေမဟန်တော့ဘူး"

Ollieတစ်ဖင်တကြွကြွဖြင့်ပြောနေပေမဲ့အလိုက်ကမ်းဆိုးမသိတဲ့Yujinကတော့မျက်မှန်တောင်ကောင်းကောင်းမတပ်ထားနိုင်ဘဲတစောင်းဖြစ်နေသောမျက်မှန်ကြီးနဲ့မှောက်နေတော့သည်။

"ပြန်မယ်ကွာ....မင်းထတော့"

ပိုက်ဆံကိုစားပွဲ‌ပေါ်အမြန်တင်ထားလိုက်ပြီး‌ယိုင်နဲနဲဖြစ်နေသောအမူးသမားကိုတွဲခေါ်ရတော့သည်။

"ရားးးးငါမဝသေးဘူးလို့...အိုလီ!!!"

_________________________

"ပတ်ဂွန်းဝုရယ်မင်းနဲ့ကျမှပဲငါတို့လည်းလမ်းဘေးအရက်ဆိုင်ထိုင်ရတော့တယ်ကွာ..."

𝐎𝐛𝐬𝐞𝐬𝐬𝐢𝐨𝐧 𝐖𝐢𝐭𝐡 𝐀 𝐁𝐨𝐲  || 𝐘υ𝗋𝗂ƶ ||Where stories live. Discover now