(3.1)အရာအားလုံးစတင်တဲ့နေရာ
ကုဝမ်ချန် ချက်ချင်းပဲ ဝိုင်သီးသွားရတယ်။ သူ သီးသွားတာကိုမြင်တာနဲ့ ကောင်လေးနှစ်ယောက်က အပြေးအလွှားရောက်လာကြပြီး သူ့ဆီကို တစ်သျူးတွေကမ်းပေးလာကြတယ်။
"မင်းအဆင်ပြေရဲ့လား? ငါ မင်းအတွက်ရေတစ်ခွက်ထည့်ပေးရမလား"
သူတို့ရဲ့ လုပ်ရပ်တွေက စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တယ်။ လီကျိုးရှင်းသာ ခုနတုန်းက ပါးစပ်မသရမ်းခဲ့ရင် ကုဝမ်ချန်အနေနဲ့ သူတို့ပေးလာတဲ့ တစ်သျှူးကို လှမ်းယူလိုက်ပြီး ယဥ်ကျေးစွာ ကျေးဇူးတင်စကားပြောဖို့အတွက် နှစ်ခါလောက် ပြန်စဥ်းစားနေမိမှာမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ သူ ထူးဆန်းပြီးအနေရခက်မှုကို ခံစားနေရပြီ။
" လီကျိုးရှင်း"
ကုဝမ်ချန် သူ့ရဲ့ကိုယ်ပိုင် လက်သုတ်ပုဝါကိုထုတ်ယူလိုက်ပြီး သူ့ရဲ့ပါးစပ်ကိုသုတ်လိုက်ကာ စကားဝိုင်းရဲ့ခေါင်းစဥ်ကိုကျင်လည်စွာ ပြောင်းလဲလိုက်တယ်။
"ငါတို့ရဲ့ အဖွဲ့ဝင်တွေနဲပတ်သက်ပြီး မင်းဆီမှာ တွေးထားတာရှိလား"
သူတို့ရဲ့ဘေးနားမှာရှိနေတဲ့လူတွေက ရပ်တန့်သွားပြီး သူတို့ရဲ့စကားဝိုင်းကို အသက်မရှူပဲနားစွင့်နေခဲ့ကြတယ်။
လီကျိုးရှင်းရဲ့မျက်လုံးတွေက ချက်ချင်းပဲပြောင်းလဲသွားခဲ့ပြီး မေးခွန်းကို ကုဝမ်ချန်ဆီသို့ ပြန်လည်ပစ်ပေးလိုက်တယ်။
"မင်း ဘယ်လိုထင်လဲ"
လီကျိုးရှင်းက အဓိကဇာတ်ကောင်ရဲ့ " အင်း ၊ ငါ ငါတို့ရဲ့အဖွဲ့သားတွေကို ရွေးချယ်ပြီးနေပြီ" လို့ ပြောလာမဲ့ စကားကို စောင့်နေခဲ့တာ။ သို့ပေမယ့် ကုဝမ်ချန်က ပြုံးပြီးပြန်ပြောလာတယ်။
" ငါက တွေးတောင်မတွေးကြည့်ရသေးဘူး"
လီကျိုးရှင်း: “……”
လီကျိုးရှင်း: " မင်း တကယ်ကြီးလား?"
“အင်း သေချာပေါက်ပဲ"
ကုဝမ်ချန်က သူ့ကို မဖော်ပြနိုင်လောက်တဲ့အမူအယာမျိုးနဲ့ ကြည့်လာတယ်။ ထို့နောက် ရုတ်တရက်ကြီး ထူးဆန်းတဲ့အမူအယာမျိုးနဲ့ ပြုံးပြလာခဲ့တယ်။
YOU ARE READING
အစစ်အမှန်Gongတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် Straightယောင်ဆောင်နေရလေရဲ့
RomanceAuthor Chang Nian Jun 常念君