ဝါသနာ

29 4 4
                                    

            အားလုံးပဲ မင်္ဂလာပါရှင့်

ကျွန်မနာမည် လက်ပံနီပါ။စားဖတ်ရတာကိုကြိုက်နှစ်သက်သူ တစ်ယောက်လည်းဖြစ်တာကြောင့် စာဖတ်အတွေ့ကြုံးကနေ ဝတ္တုတွေရေးချင်နေတာကြာပါပြီ။ficတွေလည်းတော်တော်များများဖတ်ဖူးပီး၊အရမ်းကြိုက်၍လိုက်ခံစားတဲ့ သူလည်းဖြစ်ပါသည်။(ကိုယ်ရဲ့စိတ်ကူးကို လက်တည့်စမ်းချင်စိတ်လည်းပေါ်လာလို့ပါ😁)

*ဝန်ခံချက်*
 
ကျွန်မ ''ချစ်ရပါသောညီ'' ဝတ္တုတစ်ပုဒ်ကို ရေးဖူးခဲ့ပါသည်။ဒါပေမဲ့ ကျွန်မအပြီးသတ်အောင် မရေးနိုင်ခဲ့ပါဘူး။အဲ့ဒီအတွက် ကျွန်မ စိတ်ဓာတ်ကျခဲ့ရပါတယ်။
ဘာကြောင်လဲဆိုပြီး ကျွန်မ ပြန်စဥ်းစားကြည့်တယ်။ဝတ္တုတစ်ပုဒ်ကို သေချာအောင် plotလေးချပီး ရေးသင့်ကြောင်း သိလာရပါသည်။ကျွန်မ ရေးချင်စိတ်စောနေလို့ သေချာမပြင်ဆင်နိုင်ခဲ့ပါဘူး။Wattpadက authorများကိုလည်း အရမ်လေးစားချစ်ခင်ရပါတယ်ရှင်။Authorတို့ရဲ့ ဖန်းတီးမူ့ကိုဖတ်ပြီး နောက်တစ်ခေါက်ပြန်ရေးဖြစ်တာပါ။ဒီတစ်ခါ အပြီးသတ်အောင်ရေးပါမယ်လို့ ကတိပေးပါတယ်ရှင်။

♥ဝတ္တုနာမည်ကို "လက်ပံပွင့်ကိုသက်သေတည်၍"လို့ ပေးထားပါတယ်နော်။အညာဒေသကျေးတောရွာ ကောင်လေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါနော်။

* ဇာတ်လမ်းအကျဥ်းချုပ်ကတော့.... မဟုတ်မခံစိတ်ဓာတ်ရှိသူ၊လူရိုးလူအေး လူပျိုကြီးစာရင်းဝင် အသားညိုညို ခန့်ချော်ကြီး ကိုခင်မောင်ကြီးနှင့် လူငယ်ပီပီ ပျော်ရွှင်စွာနေတတ်သူ၊ နာမည်နဲ့လိုက်အောင် လှရက်နိုင်သူ မောင်လှလွန်းပို(တစ်ကယ်ပါ နာမည်နဲ့လိုက်အောင် လှပါတယ်ရှင်😍)သူတို့နှစ်ယောက်သည် မမျှော်လင့်ဘဲ အိမ်ထောင်ကျရတဲ့အဖြစ်ပျက်(male pregnantပါ ပါတယ်နော်😎)
ကျေးလက်ဒေသကိုအခြေခံထားသည့်တွက် ရွာသူရွာသားတို့၏ ရိုးသားဖော်ရွေတက်ပုံ၊အချင်းချင်းရင်းနှီးပွင့်လင်းပြောဆိုတတ်ပုံ၊ရိုးရာဓလေ့ထုံးထမ်းများလည်း ပါဝင်ပါသည်။

**ကျွန်မ အညာသူလည်းမဟုတ်ပါ။အညာဒေသကို တစ်ခါမှလည်း မရောက်ဖူးပါဘူး ဒါပေမဲ့ အညာဒေသကို ချစ်မြတ်နိုးသူပါ။စိတ်ကူးယဥ်ဝတ္တုဖြစ်ပီး မရောက်ဖူးတဲ့ဒေသကို စိတ်ကူး၍ ရေးရသောကြောင်  တစ်စုံတစ်ရာ အမှားပါခဲ့ရင် ခွင့်လွတ်ပေးပါနော်။
စာရေးကျင့်မရှိတာမို့ အစီစဥ်မကျရင် နားလည်ပေးပါနော်။စားလုံးပေါင်းသတ်ပုံကတော့ မှားမှာကျိန်းသေပဲရှင်😂

💖  wattpad ကသူငယ်ချင်းများနှင့် မိတ်ဆွေဖြစ်ချင်ပါတယ်နော်

မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းပါစေကြောင်း
ကပ်ကြီးတွေမှလည်း ကင်းလွတ်ပါစေကြောင်း
လွတ်လပ်စွာပျော်ရွှင် နိုင်ပါစေကြောင်း
ဆန္ဒများဖြင့်🙏🙏🙏
လက်ပံနီ

လက်ပံပွင်ကို သက်သေတည်၍Where stories live. Discover now