၄။

11 2 1
                                    

သာယာသော မနက်ခင်းဝယ် နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးတွင် ရွာသူရွာသားများရောက်နေကြသည်။လက်ပံရွာသူကြီး၏ အားလုံးကို ပြောစရာကိစ္စရှိလို့ဆို၍ စုဝေးနေခြင်းဖြစ်သည်။

သူကြီးက ရွာသူရွာသားအားလုံးကို လိုက်ကြည့်ပြီး လည်ချောင်းရှင်းကာ။

"ကဲ...အားလုံးလည်းလူစုံပီ၊တပေါင်းလပြည့်လည်း မကြာခင်ရောက်တော့မယ် အဲ့ဒါကြောင်မို့ ကျုပ်ခေါ်လိုက် ရခြင်း​ဖြစ်သည်။ကျုပ်တို့ အမြဲနှစ်စဥ်ကျင်းပတဲ့ ဖေကြီးကျော်ပွဲ လည်းနီးလာပီဆို​တော့။ကျုပ်ပြောချင်တာက နတ်ကွန်းပွဲတော်ကြီးကို တစ်ခြားရွားကလည်းသွားကြမှာ လှည်းသမားချင်းချင်း ဖေးမကာသွားဖို့ အချင်းချင်းရန်မဖြစ်ကြဖို့၊ကိုယ်ရွာကိုယ် နာမည်ပျက်အောင်မလုပ်နဲ့ပေါ့"

"ဟုတ်ကဲ့ပါ သူကြီး"

"ကာလသားခေါင်းသာမောင်က နတ်ကွန်းသွားမယ်သူများကို အန္တရယ်မဖြစ်အောင် ဂရုစိုက်ရမယ်"

"ဟုတ်ကဲ့သူကြီး"

"သိပ်ပူစရာမလိုဘူး၊ဒီနှစ်မှာ ခင်မောင်ကြီးလိုက်မယ်ဆိုတော့"

အားလုံးက ခင်မောင်ကြီးကို အံ့သြဝမ်းသာစွာ လှမ်းကြည့်ကြသည်။မထားရီဆို သူကြီးဘေးနားထိုင်နေသူ မပန်းနုကို လက်တို့သည်။ပန်းနုမျက်နှာမှာ ပျော်ရွှင်မူ့ကအထင်းသား။

သို့ပေမဲ့ ခင်မောင်ကြီးသည် တစ်နေရာကို စူးစိုက်ကြည့်နေသည်။သူငယ်ချင်းလုံးမပျိုများကြား အရိုးမရှိတဲ့ ပက်ကျီလို မှီနေသူ လှလွန်းပိုကို ဖြစ်သည်။သူအာရုံနဲ့သူ သူငယ်ချင်းတွေနဲ့တူ ရီမောပုံက ကလေးငယ်သဖွယ်။သူရဲ့ အပြုအမူက ချစ်စရာကောင်းသည်ဟု ကျွန်တော်ထင်သည်။ကိုယ်တွေးကိုယ် သဘောကျမိသည်။ဒီကောင်းလေး သူကို လွှမ်းမိုးထားတာပဲ။ကိုယ်စိတ်ကိုယ်လည်း သိလိုက်သည် မူမမှန်တော့ဘူးဆိုတာ။

"အားလုံးပဲ သာမောင်နဲ့ခင်မောင်ကြီး စကားနားထောင်ကျပေါ့"

"ဟုတ်ကဲ့ပါ သူကြီး"

..........................

ရွာလမ်မကြီးတွင် ကလေးများပြေးလွှား ကစားနေကြသည်။လှလွန်းပိုတို့ အုပ်စုလည်း သူကြီးအိမ်မှ ပြန်လာ၍ ရွာလမ်းဘက် ကူးလာသည်။

လက်ပံပွင်ကို သက်သေတည်၍Where stories live. Discover now