၃။

13 2 0
                                    

မနက်ခင်း နေရောင်ခြည်သည် လက်ပံရွာကို ထိန်ထိန်သာပေးနေသည်။

ဘုန်းကြီးကျောင်းမှာ ဆွမ်းချိုင့်ဖြင့် ဆင်းလာသော လက်ပံရွာ၏ လုံးမပျိုလေးနှစ်ဦး။အညာသူတို့၏ အသားရည်နှင့်ကွဲထွက်ကာ ဖြူဝင်းသော အသားရည်၊အချိုးကျသောခန္ဓာကိုယ်၊လှပသောရုပ်ရည်ကို ပိုင်ဆိုင်သော လုံးမပျိုလေးသည် လက်ပံရွာ၏ ကွမ်းတောင်ကိုင်လည်းဖြစ်၊သူကြီးသမီးလည်းဖြစ်သည်။ယဉ်ကျေး သိမ်မွေ့သူ မပန်းနုဖြစ်သည်။ဘေးနားက သူမသူငယ်ချင်း မထားရီဖြစ်သည်။

နွာရာသီဖြစ်သောကြောင့် ရွာဝါများကြွေကျနေသော ဘုန်းကြီးကျောင်းထဲတွင် ကပီယကြီး ဦးဖေသည် တံမြက်စည်းလှည်းနေသည်။

"ဦးဖေ...နေကောင်းလား"

"အော်... သမီးပန်းနုတို့ပါလား....ဆွမ်းချိုင့်လာပို့တာလား....ဦးဖေနေကောင်းပါတယ်ကွယ်...သူကြီးတို့ရော နေကောင်းကျရဲ့လား"

"အစ်မနဲ့အဘ နေကောင်းပါတယ်ရှင်၊အဲ့ဒါဆို သမီးတို့ သွားလိုက်အုံးမယ်ရှင့်"

ဘုန်းကြီးကျောင်းကထွက် ဖြောင့်ဖြူးသော ရွာလမ်းတွင် ဝဝတုပ်တုပ် မထားရီသည် စကားစလိုက်သည်။

"ပန်းနု...မနေ့က ရွာထဲမှာ ဘာသီတင်းတွေကြားသတုန်း"

"ကျုပ်ဘာမှ မကြားမိပါဘူးတော်၊ပြောပြစမ်းပါ၊"

"ညည်းတစ်ကယ် မကြားဘူးပေါ့လေ၊ဦးကပ်စီးပေါ့ အရီးထွေးရဲ့ နွားတွေကို အကြွေးနဲ့သိမ်းသွာတာ အရီးထွေးခမျှ ငိုယိုပီးလိုက်တောင်းပန်တာကို မရဘူး အဲ့ဒါ ကိုခင်မောင်ကြီး ရောက်လာပီး ပြောလိုက်တော့မှ ကိစ္စကအေးသွားတာအေ!"

"တော်သေးတာပေါ့ ဘာမှမဖြစ်ကြလို့!"

"ညည်းကလည်း သူကြီးသမီးဟုတ်လို့ပဲ ဘာမှကိုမသိဘူးအေ၊ကိုခင်မောင်ကြီးက ပိုက်ဆံ စိုက်ပေးလိုက်တော့မှ ဦးကပ်စီးကြီး ငြိမ်ကျသွားတာ၊ရွားသားတွေ ပြောနေကြတာက မျက်နှာကြီးမဲပီး ဦးကပ်စီးကြီး ရှက်သွားတာတာအေ့"

"ဟားဟား.... ကောင်းတယ် ကောင်းတယ်၊ပိုက်ဆံတစ်မျက်နှာပဲ ကြည့်တဲ့ ဦးကပ်စီးကို ကျုပ် ကြည့်မရပါတော်၊ကိုယ့်ရွာသားအချင်းချင်းကို မညှာမတာ၊အရီးထွေးတို့လည်း ခြောင်လည်တဲ့သူတွေမဟုတ်ဘူး၊ကိုခင်မောင်ကြီးက သူတို့လို့ ပစ္စည်းဥစာမပေါ်တာ လယ်ယာတွေဆို လက်ညိုးထိုးမလွဲဘူး၊ အမှန်တော့ ကိုခင်မောင်ကြီးက ပိုက်ဆံအပေါ်ဆုံးတော့"

လက်ပံပွင်ကို သက်သေတည်၍Where stories live. Discover now