၅။

7 2 0
                                    

ကောင်းကင်တစ်ခွင်လုံး စိန်ပွင့်သဖွယ် တဖျက်ဖျက်လင်းနေသော ကြယ်များကြား ငွေစန္နာလမင်းကြီး ဝိုင်းစက်သာနေသည်။အချိန်အား​ဖြင့် မနက်မိုးသောက်ချိန် သုံးချက်တိတိ သာရှိသော်လည်း ရွာတန်းရှည်ရွာများမှ ရွာသူရွာသားများ ဖေကြီးကျော်ပွဲသွားရန် ပြင်ဆင်လှုပ်ရှားနေကြသည်။ပူပြင်းသော အညာနွေကြောင့် စောစောသွားရ၏။တပေါင်းလရောက်တိုင်း နှစ်စဥ်အမြဲကျင်းပသော ဖေကြီးကျာ်ပွဲတော်သည် အညာဒေသ၏ ရိုးရာဓလေ့ပွဲတော်ထဲကတစ်ခု။ကြက်များသည် အချိန်မှား၍ တွန်ကြူး​နေ၏။

"အော်အီး...အီး!အွတ်!"

ညှိုးငယ်သောမျက်နှာဖြင့် အရီးလှသည် အညာချည်ပုဝါကို ခေါင်းပတ်ထာပြီး ဆေးလိပ်မွှာ၍ ကွပ်ပျစ်ပေါ်တွင် စောင့်စောင့်ထိုင်နေသည်။

"သား!လှလွန်ပို ယူသွားမယ့် ပစ္စည်းကို သေချာစစ်အုံး"

"ဟုတ်!အစ်မ"

"သားကလေး၊အိပ်ငိုက်နေသလား"

"မငိုက်ပါဘူးဗျ!"

နတ်ကွန်းပွဲမှာ တစ်ညအိပ်ရသောကြောင့် ချက်စားစရာများ ယူသွားရသည်။နတ်ပွဲလာသူများသည် ပန်းတော်ကျပန်း ရမှသာ နတ်ကွန်းပွဲလာတာ အထမြောက်သည်ဟု ယူဆ၏။

"သားကလေး!ပန်းတော်ကျပန်းကို ရအောင်ယူလာခဲ့ပါကွယ်၊ဖေကြီးကျော်ပွဲကို အစ်မအပျိုတုန်းကတည်းက သွားခဲ့တာ။သားကလေး အဘနဲ့ အကြောင်းပါပီးတောင် အတူတူသွားခဲ့တာကွယ်။နှစ်စဥ်နှစ်တိုင်းသွားခဲ့တာ။ဒီနှစ်မသွားရတော့ အစ်မ စိတ်မကောင်းဘူး။"

ဘုရားစင်ဘေးက ဝါးထရံတွင်ညှပ်ထားသည့် မနှစ်ကရခဲ့သည့် ရိုးတံသာကျန်တော့သည့် ပန်းတော်ကျပန်းကို အရီးလှ စိတ်မကောင်းစွာကြည့်၍။

"ဖေကြီးကျော်!သမီးတော်ကို ခွင်​လွှတ်ပါ အဖေကြီး!သမီးတော်ရဲ့ ကျန်းမာရေးကြောင့်ပါ။သမီးတော်ရဲ့ ကိုယ်စား သမီးတော်ရဲ့ သားကလေးကို လွှတ်လိုက်ပါတယ်။သမီးတော်ရဲ့ သာကလေး ကိုလည်း မဆပေးတော်မူပါ။ ပန်း​တော်ကျပန်း ရအောင် မဆပေးတော်မူပါ အဖေကြီး။"

စိတ်မကောင်းဖြစ်နေသော အမေဖြစ်သူကို ကြည့်၍ လှလွန်းပို အသနားပိုရသည်။ရှိတာမှ သားမိလေး နှစ်ယောက်ထဲ။အမြဲသွားနေကြ ဒီနှစ်မှ မသွားရတော့ စိတ်မကောင်း ဖြစ်နေမှာ။အမေ ကျန်မားရေး ဒီနှစ်သိပ်ဆိုးတာ။

You've reached the end of published parts.

⏰ Last updated: Oct 10 ⏰

Add this story to your Library to get notified about new parts!

လက်ပံပွင်ကို သက်သေတည်၍Where stories live. Discover now