ချန်းကျစ်သည် သေချာလားဆိုသည့်အမူအရာ ပြသလာပြီး "အဲ့လိုလား ဆရာသခင်က ဒီလိုပြောတဲ့အတွက် ကျွန်တော် အဲ့ဒီမြေကွက်ကို လွယ်လွယ်ကူကူ ဝယ်နိုင်မှာပဲ"
ချန်းကျစ်၏မျက်နှာတွင် မိမိကိုယ်ကိုယုံကြည်မှုနှင့် ရည်မှန်းချက်များ ပြန်ရောက်လာသည်။ သူရင်းနှီးနေသော သခင်လေးချန်းပြန်ဖြစ်သွားသည်ကို ဆရာသခင်မြင်လိုက်ရ၏။မှန်သည်၊ သူသည် ချန်းမိသားစု၏ စတုတ္ထသခင်လေးဖြစ်သည်။
"သတိထားဖို့လိုအပ်တဲ့ အသေးစိတ်အချက်လေးတွေတော့ ရှိနေတုန်းပဲ ဒါပေမယ့် အဲဒါတွေကို ကျုပ်ဆီသာ ထားခဲ့လိုက်ပါ..."
"ကောင်းပါပြီ ဆရာသခင်၊ ကျွန်တော် ဆရာသခင်ကို ယုံတယ်..."------
ဟောင်ကောင်မြို့၊ အဘိုးအိုချန်း၏ နေအိမ်။
အိမ်တော်ထိန်းဖြစ်သူက အဘိုးအိုချန်းထံ စာရွက်အထူတစ်ထပ်ကြီး လွှဲပေးလိုက်ပြီး "သခင်ကြီး၊ ပြည်မကြီးက သတင်းစုံစမ်းနေတဲ့ စုံထောက်တွေက ဒါတွေအားလုံးကို ပြန်ပို့ပေးလိုက်တာပါ တချက်ကြည့်ပါဦး"
သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များစွာရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ Mr. ချန်းသည် ဤအချက်အလက်ကို လက်ခံရရှိသည့်အခါ သူ့လက်များက တုန်ယင်နေခဲ့လေသည်။
အိမ်တော်ထိန်းက ဤသည်ကိုမြင်တော့ Mr.ချန်း နေမကောင်းဖြစ်နေသည်ဟု ထင်သွားပြီး စိတ်ရိမ်ပူပန်မှုများဖြင့် "သခင်ကြီး ဘာဖြစ်လို့လဲ၊ အဆင်ပြေရဲ့လား၊ ကျွန်တော် မိသားစုဆရာဝန်ကို ခေါ်ပေးဖို့ လိုသေးလား"
Mr. ချန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းလိုက်၏။" မလိုပါဘူး လောင်ကျန်း မင်းကို လောလောဆယ် မလိုအပ်သေးတာမို့ သွားအနားယူလိုက်ပါဦး "
အိမ်တော်ထိန်းသည် ခဏတာမျှ တုံ့ဆိုင်းသွားသော်လည်း အဘိုးအို၏အမူအရာကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် စာကြည့်ခန်းထဲမှ ဆန္ဒအလျောက် ထွက်သွားလိုက်တော့သည်။
Mr. ချန်းတစ်ယောက်တည်းပဲ ကျန်တော့၏။
သူသည် နှောက်ယှက်ခံရခြင်းမရှိဘဲ တစ်ယောက်တည်း နေချင်ရုံသာ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)