Part 1

462 24 0
                                    

"မယ်ရီ နောက်နာရီ၀က်လောက်ကြရင် မီတင်တစ်ခုလုပ်မယ်။ ပြင်ဆင်ထားလိုက်ပါ။"

"ဟုတ်ကဲ့ မမဆူး"

နာမည်ကတစ်မျိုးပင် ဆူးနဒီဗိုလ်တဲ့လေ နာမည်စီးချက်ကတော့ ဆူးညှောင့်ကဲ့သို့ ထိသူဆူး၊အားလုံးရဲ့ ဗိုလ်၊မြစ်လိုလဲ ခန့်မှန်းရခက်လေ၏။

"ဟူး...... "

ဘယ်လိုစိတ်ညစ်ခြင်းတွေများကြုံတွေ့နေရသကို လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်နှင့် စိတ်ညစ်ခြင်းများအဝေးသို့လွင့်စင်သွားလေသလား။

"ဇင်ရယ် ဆူးလေ ဇင့်ကိုသိပ်လွမ်းတာပဲကွယ်"

ဇင်တဲ့လေ ဆူးနဒီဗိုလ်ကို အသည်းမဲ့သူလို့ထင်မှတ်ထားကြသူတွေ မမြင်တဲ့ဘက်ခြမ်းမှာ ဇင်ဆိုတဲ့နာမ်စားနဲ့ အမျိုးသမီးကို လွမ်းဆွေးနေသတဲ့

"မမဆူးရေ မီတင်အတွက်အဆင်သင့်ဖြစ်ပါပြီ"

မယ်ရီရဲ့ခေါ်သံကြောင့် အတွေးများဖြေဖျောက်ကာ စကားပြန်ဖြေလိုက်သည်။

"အင်း လာခဲ့မယ်။"

Sue & Zin ဆိုတဲ့ ကုမ္ပဏီကြီးကို ဆူး တည်ထောင်ခဲ့သည်မှာ ၁၀နှစ်ကျော်လေပြီဖြစ်သည်။သူမအသက်၂၅နှစ်ကပင် တစ်ယောက်တည်း စတင်တည်ထောင်ခဲ့လေသည်။ ယခုအချိန်တွင် Sue&Zinဆိုသည်မှာ မသိသူမရှိ Top1နေရာတွင်ရပ်တည်နေလေသည်

"ကဲ အားလုံးပဲ ကျွန်မပြောစရာလေးတချို့ရှိနေတာကြောင့် အစည်းအဝေးခေါ်လိုက်ရခြင်းဖြစ်ပါတယ်။"

ဖြောင့်စင်းလှသည့် ဆံနွယ်များအား လှပသေသပ်စွာ ထုံးဖွဲ့ထားသည်။ နှင်းဆီနီနီအားပန်ဆင်ကာ အနီရောင်ပါတိတ်အား သပ်သပ်ရပ်ရပ်၀တ်ဆင်ထားလေသည်။ စကားအပြောအဆိုအားဖြင့် တည်ငြိမ်အေးဆေးကာ အသံမှာ သာယာလှ၏။

"ကျွန်မရဲ့ ကျန်းမာရေးအခြေအနေတွက်ကြောင့် အလုပ်မှခဏတာအနားယူပါမယ်။ ကုမ္ပဏီက ကိစ္စတွေအတွက် စိတ်မပူကြပါနဲ့ ကျွန်မအကုန်စီစဥ်ခဲ့ပါတယ် အရေးကြီးလိုအပ်တာရှိရင် ကျွန်မ အတွင်းရေးမှူး မယ်ရီကနေ တစ်ဆင့်ပြောနိုင်ပါတယ်"

သြဇာအာဏာရှိချက်က ရှယ်ယာရှင်အားလုံး ငြိမ်ကာနားထောင်နေကြလေ၏။

မောင့်ခြေချင်း💐💨(completed)Where stories live. Discover now