ဆူးတစ်ယောက် အိမ်ပြန်ရောက်တော့ အိမ်ကလူတွေကိုဘာမှမပြောပဲ အပေါ်ထပ်ရှိအခန်းထဲသို့သာ တန်းသွားမိသည်။ ဆူးချစ်ရတဲ့ ဆူး ကလေးတွေကိုတောင် မပွတ်သပ်မိ။
အခန်းထဲရောက်တာနဲ့ ဆူးအိတ်တွေပစ်ချကာ ကုတင်ဘေးတွင်ထိုင်ကြပစ်လိုက်သည်။
"ဇင်ရယ် ဆူးရင်ထဲကသိပ်နာတယ် ဆူးရင်တွေကွဲတယ် ဇင်ရယ်...."
ဒီအမျိုးသမီးဟာ မျက်ရည်များကျကာ ရင်ထဲက နာကျင်နေသည့်စကားများထွက်လာတော့သည်။
သူမ ဒီလောက်ချစ်ခဲ့တာတောင် အဘယ်ကြောင့် မမြင်ရသလဲ။ ထိုအမျိုးသမီးရဲ့ အတိတ်တွေကို တွေ့မြင်ချင်လိုက်ပါဘိရဲ့။၂၀၀၈ခုနှစ် စက်တင်ဘာလ ၇ရက်နေ့
ယနေ့ဟာ ဆူးနဒီဗိုလ်ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ ၁၉နှစ်ပြည့်မွေးနေ့ပင်ဖြစ်သည်။ဆူးဟာ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ဖြစ်သည်။
"ဆူးရေ ဒေါ်ဆူးရေ "
ဒေါ်ထည့်ခေါ်၍ ဆူးမျက်မှောင်ကျုံ့မိပါသည်။ ဆူးကိုခေါ်လာသူမှာ ဆူးရဲ့ အချစ်ဆုံးသူငယ်ချင်း ယုယသက်လွင်ပင်ဖြစ်သည်။
ဆူးမျက်စောင်းထိုးလိုက်၍ ခေါင်းကုတ်၍ ပြုံးပြလာသည်။
"ဘာလဲ ပြော"
"ဟီး ပျော်ရွှင်ဖွယ်မွေးနေ့ပါနော် ငါ့ချစ်သူငယ်ချင်းလေး"
"အွန်း ဒီနေ့ငါ့မွေးနေ့ဆိုတော့ နင့်ကိုမုန့်လိုက်ကျွေးမယ် ဒါကြောင့် အတန်းလစ်ကြရအောင်"
"အမလေး ဆူးတို့များထူးထူးဆန်းဆန်း အတန်းလစ်မယ်တဲ့အေ"
"တကယ်ပါ ယုရာ"
"အေးပါ အခုတော့ ကန်တင်းသွားရအောင်"
"အွန်း"
ဆူးနှင့်ယုတို့နှစ်ယောက် ကန်တင်းသို့ထွက်လာခဲ့ပါသည်။ တစ်ယောက်နှင့်တစ်ယောက်စကားတပြောပြောဖြင့် လျှောက်လာရင်း အရှေ့တောင်
"ဟျောင့် ငါက မိန်းမဖြစ်နေပေမယ့် မင်းကိုမကြောက်ဘူးနော်"
ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဟာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေကြသည်။မိန်းကလေးပုံစံမှာ ဆံပင်ခပ်တိုတိုနှင့် ယူနီဖောင်းမ၀တ်ဘဲ အပြင်အ၀တ်သာ၀တ်ဆင်ထားသည်။ လက်တွင်လဲ ဒဏ်ရာရထားပုံပင်။ ယောက်ျားလေးဘက်တွင် မျက်နှာတွင်သွေးအလီလီနှင့် မြေပြင်တွင်လဲနေလေပြီ။