"အို အမေ့"
ယနေ့ ဆူးတစ်ယောက် အပျင်းအပြေ shopping ထွက်လာရင် လူတစ်ယောက်နဲ့တိုက်မိလေသည်။
"အာ တောင်းပန်ပါတယ်မမ ကျွန်တော်တောင်းပန်ပါတယ်ဗျာ"
သီချင်းလဲနားထောင်းရင်း ကော်ဖီသောက်ကာ လမ်းလျှောက်လာရင်း အမျိုးသမီးတစ်ယောက်နှင့်တိုက်မိလေသည်။
"တို့ အတွင်းခံတွေပါပေါ်ကုန်ပြီ မင်း ကြည့်မလျှောက်ဘူးလား"
ဆူးရဲ့ တီရှပ်အဖြူအပါးလေးက ကော်ဖီတွေစိုကာ အတွင်းခံတွေပါပေါ်နေသည်။
"ကျွန်တော်တကယ်တောင်းပန်ပါတယ်ဗျာ ဒီနားမှာ ကျွန်တော့် အစ်မရဲ့ အင်္ကျီဆိုင်ရှိတယ် အစ်မအချိန်ရှိရင် လိုက်လဲလို့ရပါတယ်"
"လိုက်မလဲလို့လဲမရဘူးလေ မင်းလုပ်ထားတာပဲ မင်းကြည့်လေ"
"ကျွန်တော် ဒီအတွက်အစစအရာရာတာ၀န်ယူပေးပါမယ်ဗျ"
"အင်း"
"ဒီမိန်းမကကွာ စွာလိုက်တာလွန်ရော လူလေးလှသလောက်ကွာ" မောင်တစ်ယောက် ဒီစကားကို စိတ်ထဲတွင်သာပြောလိုက်ပါသည်။ ဆူးသာကြားမိပါက မောင်ပါးကျိုးရပါလိမ့်မည်။
" နန္ဒာရေ"
ချစ်စရာကောင်းသော ဆိုင်လေးတစ်ဆိုင်သို့ရောက်တဲ့အခါ ကလေးမစုတ်ကလေးက အမျိုးသမီးတစ်ယောက်ကို လှမ်းခေါ်လေသည်။"ZIN&YOONတဲ့လား"
ဆူးတွေဝေမိသွားပါသည်။ ဒီဆိုင် ဇင့်ဆိုင်များဖြစ်နေမလား။
"အစ်မ လာလေ အစ်မကြိုက်တဲ့ အင်္ကျီတစ်ထည်ရွေးပြီးလဲလိုက်ပါအစ်မ ဒါကျွန်တော့်အမှားကြောင့် တာ၀န်ယူပေးတာပါ"
"အင်း"
အင်း တစ်လုံးထဲပြောကာ အင်္ကျီရွေးရန်ထွက်လာခဲ့ပါသည်။"မမမောင်"
"ဟေ"
"အဲ့အစ်မက တော်တော်လှတယ်နော် တည်လဲတည်ငြိမ်တယ် နန္ဒာတိုက်ပဲ ဟီးဟီး"
"ဘာတိုက်လဲ နင်မေချီးကားတိုက်လား လှတာတော့လှပါတယ် ဒါပေမယ့် စကားပြောပုံက ငါနဲ့အကြောမတည့်ဘူး"
"မမမောင်ကလဲ နန္ဒာကြားဖူးတယ်သိလား ဒီလို၀င်တိုက်မိတာတွေဘာတွေက ဖူးစာဘက်တွေမို့တဲ့"