ရန်သူတော်❌❌❌❌ ( P_6 )

327 15 1
                                    


ရန်သူတော်  ❌❌❌❌❌❌
[ Part _ 6 ]

ကဲချင်တိုင်း ကဲနေတာနဲ့ ဒယ်ဒီကို နှောင်းသွဲ့
သတိမထားမိ။
သတိထားမိတဲ့အချိန်မှာတော့ ဒယ်ဒီက
မာရီဆာဆိုသော ကောင်မလေးတစ်ယောက်ကို
သူ့ ရှယ်ယာအများဆုံး ဝင်ထားတဲ့ company
မှာ အလုပ်ခန့်ထားပြီး သူကိုယ်တိုင်လည်း
အဲ့ company ကို ခဏခဏ သွားတက်နေတာတဲ့လေ။
ဒါတောင် လေးပေါက်ပြောလို့ နှောင်းသွဲ့ သိရတာပေ။

" ဒယ်ဒီ ဘာသွားလဲ လေးထွန်း..? "

company ကို ရောက်လာ‌တော့ ခုံမှာ ထိုင်နေတဲ့
လေးထွန်းက နှောင်းသွဲ့ကို မြင်တာနဲ့ အလန့်တကြား
ဖြစ်လို့လာခဲ့သည်။

" နှောင်းလေးက အပြင်ကို မသွားဘူးလား..?
ဘယ်လိုလို့ ဒီရောက်လာရတာလဲ။ "

" အော် ဒယ်ဒီက အချိန်ပြည့်ရုံးတက်နေတော့
ဘယ်သူ့ကြောင့်လဲဆိုပြီး နှောင်းသွဲ့က
လာကြည့်တာလေ။ အဲ့တာ ဒယ်ဒီ ဘယ်မှာလဲ
လေးထွန်း..? "

" လေးထွန်း မသိဘူး နှောင်းလေး
ခုဏကပဲ ခေါင်းဆောင်က ရှိသေးတယ်။
အခုဘယ်ရောက်သွားလဲ လေးထွန်းလည်း
မပြောတတ်တော့ဘူး။ "

မျက်ဆံတွေက လှုပ်လီလှုပ်လဲ့ဖြစ်ပြီး ဂနမငြိမ်ဖြစ်နေတာ
ကိုတောင် မသိဘူးလုပ်နေသော လေးထွန်းက တကယ့်
အအပေ။  ယမုံ အဖေ မပီသလိုက်တာပဲလို့တောင်
မေးလိုက်ချင်သေးသည်။ ယမုံတောင် နှောင်းသွဲ့နဲ့
ပေါင်းပြီး လိမ်တတ်တဲ့ ဒီလိုနေရာတွေဆို ကျွမ်းကျင်နေပြီလေ။

" မသိတာလား..? သိရဲ့သားနဲ့ နှောင်းသွဲ့ကို မပြောချင်လို့
လိမ်နေတာလား လေးထွန်း "

" တကယ် မသိတာပါ နှောင်းလေးရယ်။
လေးထွန်း မလိမ်ပါဘူး။ "

" ဘုန်း..!! "

" ခလွမ်း..! "

စားပွဲခုံကို လက်သီးနဲ့ နှောင်းသွဲ့ ကောက်ထိုးလိုက်ကာ
ခုံပေါ်က ပစ္စည်းတွေကိုလည်း နံရံဆီပစ်ပေါက်ပစ်သည်။

"နှောင်းလေး..! လက်နာမယ်လေ။ "

" ပြော! ဒယ်ဒီ ဘယ်မှာလဲ။ မပြောရင် စားပွဲကို
ထပ်ထိုးမှာနော်။ "

" မ..မလုပ်ပါနဲ့  လေးထွန်း ပြောမယ်နော်။
အခု သမီး အဖေက.........."

*** ရန်သူတော် *** မရစစ် + နှောင်းသွဲ့သွဲ့ Where stories live. Discover now