4

510 37 3
                                    

Uni

တနေ့တနေ့ P' Jeff ပြန်အလာနဲ့ သတင်းကောင်းစောင့်ရတာလဲ သူ့အတွက်တော့ အလုပ်တခုဖြစ်လာပြီဖြစ်တယ်။ ရုံးထိုင်အဖြစ် တပတ်လုပ်ပြီးအကြာမှာတော့ သူမွှေသမျှ ရစ်သမျှမခံနိုင်တဲ့အဆုံး ခေါင်းဆောင်ဖြစ်သူမှ သူ့အား Cover အဖွဲ့ မစ်ရှင်မှလွဲတခြားမစ်ရှင်များပေးလာခဲ့ပြီဖြစ်တယ်။

သူခိုးဖမ်းလိုက် ခါးပိုက်နှိုက်ဖမ်းလိုက် မြို့အတွင်း ကင်းလှည့်လိုက်နဲ့ သူအလုပ်တွေများနေတာဖြစ်လေသည်။ တခုအလုပ်ပိုလာတာကတော့ သူ့နောက်တကောက်ကောက်လိုက်ဖို့ လူထည့်ပေးထားတာပါပဲ။
အမေကြီးမှ သားအားမျက်စိအောင်ပျောက်မခံ စောင့်ကြည့်နေကြခြင်းလဲဖြစ်လေတယ်။

ဒီ‌နေ့ကတော့ အလုပ်သိပ်မများတာမို့ Offroad အိမ်စောစောပြန်မိလေတယ်။ ညစာစားဖို့ပြင်ဆင်နေရင်း သူ့ဖုန်းထဲမှ notiအသံကြောင့် တချက်စစ်ဆေးမိပြီးနောက်  လုပ်သမျှအရာအာလုံး ပစ်ချလို့ အပြင်ကိုအမြန်ပြေး‌ထွက်မိသည်။

အကြောင်းကြားဖို့ တစုံတရာတောင်မစောင့်စားနိုင်ပဲ
ဖုန်းထဲမှ နေရာတခုဆီသို့အပြေးသွားမိလေသည်။
ပုံထဲဝယ် သူဖမ်းမိမလို့ဖြစ်ခဲ့သည့် မျက်နှာအမာရွတ်နဲ့ သူဖြစ်လေတယ်။ ထိုလူက ဘားတခုထဲ ဝင်နေတဲ့ပုံဖြစ်တာကြောင့် သူထိုနေရာသို့ အမြန်ပြေးသွားမိနေတာဖြစ်တယ်။

သူထိုနေရာအရောက် ပုံမှန်အတိုင်းသက်ဝင်နေတဲ့ ဘားမျက်နှာစာကကြိုဆိုနေလေတယ်။ သူ p'jeff ကို ဖုန်းခေါ်ကြည့်ပေမဲ့ ဖုန်းကဝင်ပေမဲ့မကိုင်တာမို့ P' Jeff အထဲရောက်နေပြီထင်သည်။ အခုထိုဘားလိပ်စာနဲ့ ပုံပို့လာတာက  p'Jeffဘက်မှ ဖြစ်တာမို့
သူတို့အထဲမှာ လှုပ်ရှားနေပြီထင်။

သူကတော့တိတ်တဆိတ်ရှာဖွေတာ ပိုအဆင်ပြေမည်ထင်တာမို့ ဖုန်းခေါ်နေတာရပ်လိုက်ပြီး ဘားထဲသို့ခြေချလိုက်သည်။ အထဲရောက်တာနဲ့  ဟိုနေရာဒီနေရာ အစုံမှ စလိုက်မီးရောင်တွေကြောင့် သူ့မျက်လုံးတွေ ခဏ‌တာကျင့်သားရအောင် စောင့်လိုက်ရလေသည်။

သီချင်းသံကျယ်ကျယ်အကြား ကခုန်နေတဲ့ လူတွေကိုကျော်လွှားလို့ သူ့ရဲ့ ပန်းတိုင်ဖြစ်သည့်သူအား လိုက်ရှာမိလေသည်။ P'Jeff တို့ ကို အစတောင်မမြင်ရမို့ သူနည်းနည်းထူးဆန်းတယ် ထင်မိ‌‌ နေချိန်ဝယ် နေရာတခုဆီဝင်သွားတဲ့ထိုလူကို ရိပ်ခနဲမြင်လိုက်တာကြောင့် သူလဲတိတ်တဆိတ်လိုက်ပါသွားမိသည်။

Behind (Bl ) (Complete )Where stories live. Discover now