6

487 35 3
                                    


မနေ့ကအပိုင်းရဲ့အဆက်ပါ မနေ့က တကယ်ငိုက်နေလို့ ဒီနေ့မှလာတင်ပေးနိုင်သွားပါတယ် ခေါထို့ခ။

Uni

'အဲ့လိုဖြစ်လာဖို့ပဲ ငါမျှော်လင့်တယ် '

သူတို့စကားဆိုနေစဉ်အတွင်း ရင်ခွင်ထဲမှ လူသားမှာ ပိုပြီးတုန်ရင်လာတော့သည်။ မျက်ရည်စတွေ
ပါ ကျဆင်းလာတာမို့ Daouတယောက် လှုပ်နှိုး
နေပေမဲ့ ထိုလူသားကအသိပြန်လည်လာလည်ပုံမရပေ။

သူမမြင်ချင်တဲ့အရာ!!! သူတဘဝလုံးဝယ် ခြောက်လှန့်နေတဲ့ နေရာတခုမြင်ကွင်းတခု !
သူဒီမြင်ကွင်းကို ထပ်မမြင်ချင်ခဲ့ပေမဲ့ အိပ်စက်ချင်တိုင်း နိုးထချိန်တိုင်း သတိရတိုင်း စွဲမြဲနေတဲ့ မြင်ကွင်းတခု!

သူ့ဘဝတခုလုံးဝယ် စိတ်ချလက်ချမနေနိုင်ခဲ့တဲ့ မြင်ကွင်းတခုကို ထပ်မြင်နေရပြန်ပြီ။ ဒီအရာကိုကျော်လွှားနိုင်ဖို့ ဒီအရာကိုခဏတာဖြစ်ဖြစ် မေ့ပျောက်သွားနိုင်ဖို့ ကျော်လွှားသွားနိုင်ဖို့ သူရုန်းကန်
ခဲ့ရသမျှ အခုဒီမြင်ကွင်းကို သူထပ်မြင်နေရပြန်ပြီ
ဖြစ်တယ်။

မီးတွေ !!! နေရာတခုလုံး မြင်ကွင်းအနှံ့ဝယ် မီး
ပင်လယ်သဖွယ် တောက်လောင်ပူပြင်းနေတယ်။ ထိုအချိန်တုန်းက သူခံစားခဲ့ရသလို ပူလောင်မှုအား
သူခံစားနေမိသလိုပဲ။

ပူလိုက်တာ !!! အရမ်းပူလွန်းတယ် !! သူထွက်ပြေးရမယ် . သူပြေးနေတုန်းပဲ ! ဒါမဲ့ မလွတ်မြောက်နိုင်ဘူး ! မီးပင်လယ်ကြီးကလဲ ပျောက်
ကွယ်မသွားသလို သူလဲပူလောင်နေတုန်းပဲ!

သူ့ရှေ့ရုတ်တရက်ပေါ်လာတဲ့ လူနှစ်ယောက်။ တချိန်က သူရဲ့မိဘများ။

'အဖေ ...!  အမေ .....! '

သူခေါ်သံအဆုံး ခုနမှမတ်တပ်ရပ်နေတဲ့ လူသားနှစ်ယောက်ဟာ ခုတော့မီးပင်လယ်ထဲ လဲကျသေဆုံးနေခဲ့ပြီ။ ထိုအချိန်က သူမြင်ခဲ့သည်များနှင့် တထပ်တည်း တပုံစံထဲ ။

'အဖေ!!!! ..... အမေ!!!!!.....'

သူ့ခြေထောက်တွေကလှုပ်မရခဲ့ဘူး ဒီမြင်ကွင်းကို သူရပ်ပြီးပဲကြည့်နေရတယ်။ ပူနွေးတဲ့မျက်ရည်တွေအဖော်ပြုလို့ရယ်။ သူကြိုးစားပြီး သူ့မိဘတွေဆီ
သွားချင်ပေမဲ့ ကြမ်းပြင်ပေါ်သို့သာ လဲကျတာနဲ့အဆုံးသတ်လေတယ်။

Behind (Bl ) (Complete )Where stories live. Discover now