နောက်ဆုံးတော့ငွေဆောင်ခရီးကို ရောက်ခဲ့ပြီလေ..
"Phoenix!ဟိုမှာ ပယ်လယ်ကြီး"
"...."
ကားပြတင်းပေါက်ကနေ ကြည့်ပြီးကလေးလိုအော်နေတဲ့ ဧကရီ့ကို Phoenix ပြုံးမိသည်။ဧကရီ့တွက်ဒါပထမဆုံးအကြိမ် သူမြတ်နိုးတဲ့သဘာဝတရားက ဖြစ်ပေါ်တဲ့ ပင်လယ်ကိုပထမဆုံးမြင်ဖူးတာပေါ့။Phoenixကတော့ ရိုးနေပါပြီလေ။
"Phoenix မြန်မြန်မောင်း!ငါရေဆော့ချင်နေပြီ"
"......."
"Phoenix!ဟိုမှာ လှေတွေ ငါလဲစီးချင်တယ်"
"......."
"Phoenix!Hotelရောက်တော့မှာလား"
"အင်း"
ခနနေတော့ Hotelကိုရောက်တော့ အထုပ်ပိုးတွေချပြီး နှစ်ယောက်ခန်းထဲဝင်ခဲ့သည်။ထို့နောက် ရေဆော့ဖို့ အဝတ်စားတွေထုတ်နေတဲ့ ဧကရီ့ကိုကြည့်ပြီး Phoenix ပြုံးကာ
"မင်းပျော်လား"
"ပျော်တာပေါ့ သွားရအောင်!"
Phoenixလက်ကိုဆွဲကာ Hotelထဲကနေ ပြေးထွက်ပြီး ပင်လယ်ကြီးဆီကိုဦးတည်လိုက်သည်။ဂါဝန်ကြက်ဥနှစ်ရောင်လေးနဲ့ကောင်မလေးက ခပ်ထွားထွားကောင်လေးကို လက်ကနေဆွဲပြီး နေမင်းကြီးအောက်မှာ ပင်လယ်ဆီကိုကစားရန် ပြေးလာနေသည်။ Phoenix ကိုဒီလိုဆွဲရဲတာ ဒီကောင်မလေးတစ်ယောက်ပဲရှိလိမိ့မည် ထင်သည်။
ပင်လယ်ကမ်းစကိုရောက်တော့ ဧကရီသူ့ခြေဖဝါးလေးကို ရေထဲစချကာ မျက်လုံးမိှတ်ပြီး သဘာဝတရားကိုစခံစားသည်။ထိုအချိန်
"ရော့!"
ပင်လယ်ထဲကရေကိုလက်နှင့်ခပ်ကာ ဧကရီကိုလှမ်းပက်တဲ့ Phoenixကြောင့် ဧကရီမျက်မှောင်ကျုံ့ပြီး Phoenix ရှိတဲ့ဘက် ပင်လယ်ထဲကိုဦးတည်ကာ ရေတို့နှင့်ပြန်ပက်သည်။နေရောင်အောက်မှာ အပူပင်မရှိတဲ့ကလေးလေးတွေကစားနေတာ ကြည်နူးစရာအမှန်ပင်။
ပင်လယ်ရှေ့ကစားသောက်ဆိုင်တစ်ဆိုင်မှာ ပင်လယ်ကြီးကိုငေးရင်း Dinnerစားနေကျသည်။
"မင်းပျော်လား"
ဇာမဏီက ဧကရီ့ကိုကြည့်ပြီးမေးတော့
YOU ARE READING
အတ္တတို့စေညွုန်ရာ(အတၱတို႔ေစၫြုန္ရာ)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...